Day: October 17, 2024

အာနိုးလ်ကို ဦးစားပေးအပြောင်းအရွှေ့ပစ်မှတ်အဖြစ် ရီးရဲလ်မက်ဒရစ် သတ်မှတ်

ရီးရဲလ်မက်ဒရစ်အသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလမတိုင်ခင် လီဗာပူးလ်အသင်းညာနောက်ခံလူ အာနိုးလ်ကို ဦးစားပေးအပြောင်းအရွှေ့ပစ်မှတ်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ အဓိကညာနောက်ခံလူ ကာဗာဟယ်လ်ကို ACL ဒဏ်ရာကြောင့် ဒီရာသီအကုန်ထိ အနားပေးရမှာဖြစ်လို့ ဈေးကွက်ထဲမှာ ညာနောက်ခံလူတစ်ဦးကို ရှာဖွေမှုပြုလုပ်နေတာပါ။ The Athletic က ရီးရဲလ်မက်ဒရစ်အသင်းဟာ...

မန်ယူနိုက်တက်ကနေ စောစောစီးစီးထွက်ဖို့ ကြိုးစားခဲ့ဖူးပြီး ပိတ်ပင်ခံခဲ့ရတယ်လို့ ပေါ့ဘာ ဖွင့်ဟဝန်ခံ

ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာဟာ ၂၀၂၂ နွေရာသီမှာ အသင်းဟောင်း ဂျူဗင်တပ်စ်အသင်းထံ အလွတ်နဲ့ ပြန်မပြောင်းရွှေ့ခင်မှာ မန်ယူနိုက်တက်အသင်းကနေ သူထွက်ခွာချင်ခဲ့တာကြာပြီလို့ ဝန်ခံခဲ့ပါတယ်။ မန်ယူနိုက်တက်အသင်းအကယ်ဒမီထွက် ပေါ့ဘာဟာ ၂၀၁၂ က ဂျူဗင်တပ်စ်အသင်းထံ ပြောင်းရွှေ့ခဲ့ပြီးနောက် (၄)နှစ်အကြာ ၂၀၁၆ မှာ...

အင်္ဂလန်အသင်းခေါင်းဆောင်အဖြစ် ဟာရီကိန်း ဆက်ရှိမလားဆိုတာ အတည်ပြုဖို့ တူချယ်လ် ငြင်းဆန်

အင်္ဂလန်အသင်းနည်းပြသစ် တူချယ်လ်ဟာ အင်္ဂလန်အသင်းခေါင်းဆောင်အဖြစ် ဘိုင်ယန်မြူးနစ်အသင်းတိုက်စစ်မှူး ဟာရီကိန်းဆက်ရှိမလားဆိုတာကို အတည်ပြုဖို့ ငြင်းဆန်ခဲ့ပါတယ်။ တူချယ်လ်ဟာ အသင်းဟောင်း ဘိုင်ယန်မြူးနစ်အသင်းမှာ ဟာရီကိန်းနဲ့ အတူလက်တွဲခဲ့ပေမယ့် အင်္ဂလန်အသင်းနည်းပြအဖြစ် ပထမဆုံးအကြိမ်ပြုလုပ်တဲ့ မီဒီယာတွေ့ဆုံမှုမှာ အင်္ဂလန်အသင်းခေါင်းဆောင်ရာထူးအတွက် ဟာရီကိန်းကို အာမခံပေးခြင်းမရှိခဲ့တာပါ။ အင်္ဂလန်အသင်းနည်းပြသစ် တူချယ်လ်ဟာ...

ဂီတပြီးရင် ဘောလုံးကို အရုးသွပ်ဆုံးဖြစ်ခဲ့တဲ့ လီယမ်ပိန်း

မနေ့က ညနေပိုင်းမှာ ဟိုတယ်ဝရန်တာကနေ ပြုတ်ကျသေဆုံးခဲ့တဲ့ One Direction တေးဂီတအဖွဲ့ဝင်ဟောင်း လီယမ်ပိန်းဟာ ဂီတပြီးရင် ဘောလုံးအားကစားကို အရူးသွပ်ဆုံးသူတစ်ဦးလို့ ပြောလို့ရပါတယ်။ အသက်(၃၁)နှစ်အရွယ်ရှိသာ ရှိသေးတဲ့ အင်္ဂလိပ်လူမျိုးအဆိုတော် လီယမ်ပိန်းဟာ အာဂျင်တီးနားနိုင်ငံ၊ ဗျူနိုအေရိစ်မြို့အနီး ပါလာမိုမှာရှိတဲ့ Casa...

ခိုးရိုက်ဗီဒီယိုတွေကြောင့် ထောင်(၄)နှစ်ကျခံရဖွယ်ရှိနေတဲ့ တောင်ကိုရီးယားတိုက်စစ်မှူးဟွမ်အီဂျိူ

နော်တင်ဂမ်ဖောရက်စ်၊ နော်ဝစ်ချ်စီးတီးအသင်းတို့မှာ ကစားခဲ့ဖူးတဲ့ တောင်ကိုရီးယားတိုက်စစ်မှူးဟွမ်အီဂျိုဟာ လွန်ခဲ့တဲ့(၂)နှစ်က အမျိုးသမီးတွေနဲ့ ချစ်တင်းနှောရာမှာ ဗီဒီယိုခိုးရိုက်ခဲ့တဲ့လုပ်ရပ်တွေအတွက် ထောင်ဒဏ်(၄)နှစ်အထိကျခံရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ လက်ရှိမှာ တူရကီကလပ်အလန်ယာစပေါ်အသင်းမှာ ကစားနေတဲ့ ဟွမ်အီဂျိုဟာ တောင်ကိုရီးယားလက်ရွေးစင်အသင်းအတွက် နိုင်ငံတကာပွဲပေါင်း(၆၂)ပွဲအထိ ကစားပေးထားသူပါ။ ဟွမ်အီဂျိုဟာ ၂၀၂၂...