Day: October 9, 2024

တံကောက်ကြောဒဏ်ရာကြောင့် လီဗာပူးလ်ဂိုးသမား အယ်လီဆန် (၆)ပတ်ကြာ အနားယူရဖွယ်ရှိ

ဘရာဇီးလ်ဂိုးသမား အယ်လီဆန်ဟာ လီဗာပူးလ်အသင်းက ခရစ္စတယ်ပဲလေ့စ်အသင်းကို (၁-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာရရှိခဲ့တဲ့ ဒဏ်ရာကို စစ်ဆေးမှုတွေပြုလုပ်အပြီးမှာ တံကောက်ကြောဒဏ်ရာရရှိခဲ့ကြောင်း တွေ့ခဲ့ရပြီးနောက် (၆)ပတ်ကြာအနားယူရဖွယ်ရှိနေပါတယ်။ အဲ့ဒါကြောင့် လီဗာပူးလ်အသင်းဟာ နံပတ်တစ်ဂိုးသမား အယ်လီဆန်ကို နိုဝင်ဘာလလယ်အထိ ဆုံးရှုံးရတော့မှာပါ။ အယ်လီဆန်ဟာ ဒီရာသီမှာလည်း...

ရက်ဘူးလ်ဘောလုံးရဲ့ကမ္ဘာလုံးဆိုင်ရာ အကြီးအကဲအဖြစ် ယာဂန်ကလော့ပ် ခန့်အပ်ခံရ

ပြီးခဲ့တဲ့ရာသီအကုန်က လီဗာပူးလ်အသင်းကနေ ထွက်ခွာခဲ့တဲ့ ဂျာမန်လူမျိုးနည်းပြ ယာဂန်ကလော့ပ်ဟာ ရက်ဘူးလ်ဘောလုံးရဲ့ကမ္ဘာလုံးဆိုင်ရာအကြီးအကဲအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။ အသက်(၅၇)နှစ်အရွယ်ရှိ ယာဂန်ကလောပ့်ဟာ ဒီရာထူးကို ၂၀၂၅ ဇန်နဝါရီ(၁)ရက်က စတင်တာဝန်ယူသွားမှာပါ။ ယာဂန်ကလော့ပ်ဟာ လီဗာပူးလ်အသင်းကနေ ထွက်ခွာပြီးနောက်မှာ နည်းပြရာထူးအတွက် ကမ်းလှမ်းမှုတွေရရှိခဲ့တာကို ငြင်းပယ်ခဲ့ပေမယ့် ရက်ဘူးလ်ရဲ့ကမ်းလှမ်းမှုကို...

ဘောလုံးသမားဘဝကနေ အနားယူခဲ့တဲ့ အင်နီယေစတာထံ ပြိုင်ဘက်ဟောင်း ရီးရဲလ် မက်ဆေ့ချ်ပေးပို့

ရီးရဲလ်မက်ဒရစ်အသင်းဟာ မကြာသေးခင်ကမှ ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝကနေ အနားယူကြောင်းကြောင်း ကြေညာခဲ့တဲ့ ဘာစီလိုနာနဲ့ စပိန်အသင်းဂန္ထဝင် အင်နီယေစတာထံ မက်ဆေ့ခ်ျပေးပို့ခဲ့ပါတယ်။ အင်နီယေစတာဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ပြိုင်ဘက် ဘာစီလိုနာအသင်းကစားသမားဟောင်းဖြစ်ခဲ့ပေမယ့် စပိန်နဲ့ ကမ္ဘာ့ဘောလုံးလောကရဲ့အကြီးမားဆုံးဂန္ထဝင်ဖြစ်တာကြောင့် သူတို့ရဲ့လေးစားမှုနဲ့ ချစ်ခင်မှုကို ပြသခဲ့တာပါ။ လွန်ခဲ့တဲ့ ၂၀၀၂ က...

ယူရို-၂၀၂၄ ပြိုင်ပွဲမှာ နည်းပြဟောင်း ဆောက်ဂိတ်ရဲ့ချန်လှပ်မှုကို မိမိသဘောမတူဘူးလို့ ဂရီးလစ်ရှ် ဆို

မန်စီးတီးအသင်းတောင်ပံကစားသမား ဂရီးလစ်ရှ်က ပြီးခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ အင်္ဂလန်အသင်းရဲ့အပြီးသတ်လူစာရင်းထဲ သူ့ကိုချန်လှပ်ခဲ့တဲ့ နည်းပြဟောင်း ဆောက်ဂိတ်ရဲ့ဆုံးဖြတ်ချက်ကို သဘောမတူနိုင်ဘူးလို့ ဝန်ခံခဲ့ပြီး ဒါကအမှားဖြစ်တယ်လို့ဆိုခဲ့ပါတယ်။ ဂရီးလစ်ရှ်ဟာ ပြီးခဲ့တဲ့ရာသီက မန်စီးတီးအသင်းမှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပြီးနောက် ယူရို-၂၀၂၄ ပြိုင်ပွဲဝင် အင်္ဂလန်အသင်းရဲ့အပြီးသတ်လူစာရင်းမှာ...

ဂျူဗင်တပ်စ်နဲ့ လမ်းခွဲပြီးနောက် ဘယ်အသင်းနဲ့ ပေါ့ဘာပြန်လာမလဲ

လာမယ့် ၂၀၂၅ မတ်လအတွင်းမှာ ဘောလုံးပြန်ကစားခွင့်ရတော့မယ့် ပြင်သစ်ကွင်းလယ်လူပေါ့ဘာဟာ သူ့ရဲ့ကလပ် ဂျူုဗင်တပ်စ်အသင်းနဲ့ စာချုပ်ကို အဆုံးသတ်ဖို့ ဆွေးနွေးနေကြောင်း သိရပါတယ်။ ပေါ့ဘာရဲ့(၄)နှစ်ပွဲပယ်ပြစ်ဒဏ်ကို နိုင်ငံတကာအားကစားခုံရုံး(CAS)က (၁၈)လအထိ လျှော့ချပေးခဲ့တာကြောင့် သူ့အနေနဲ့ လာမယ့်နှစ် ဇန်နဝါရီလမှာ လေ့ကျင့်ခွင့်ပြန်လည်ရရှိမှာဖြစ်ပြီး နောက်(၂)လအကြာမှာ...

ACL ဒူးဒဏ်ရာနှိပ်စက်မှုဒဏ်ခံနေရတဲ့ ရီးရဲလ်မက်ဒရစ်အသင်း

စပိန်ကလပ်ရီးရဲလ်မက်ဒရစ်အသင်းကို ဒီနှစ်ပိုင်းမှာ အဓိကနှိပ်စက်လာတဲ့ ဒဏ်ရာက ACL လို့ အများသိကြတဲ့ (Anterior Cruciate Ligament)ဒဏ်ရာပါ။ ဒီဒဏ်ရာက ဒူးခေါင်းအတွင်းပိုင်းက အရွတ်စုတ်ပြဲတဲ့ဒဏ်ရာဖြစ်ပြီး ဒီဒဏ်ရာရရှိသူ ကစားသမားတွေအနေနဲ့ ရက်အနည်းငယ်သာမဟုတ်ဘဲ ကာလရှည်အနားယူရတဲ့ ဒဏ်ရာဖြစ်ပါတယ်။ ဒီဒဏ်ရာကို ရီးရဲလ်မက်ဒရစ်အသင်းမှာ...