Day: October 25, 2024

(၁၄)လကြာ ကိုင်တွယ်ပြီးနောက် ဆော်ဒီလက်ရွေးစင် နည်းပြရာထူးကနေ မန်ချီနီ ထွက်ခွာ

အီတလီအသင်းနည်းပြဟောင်း မန်ချီနီဟာ ဆော်ဒီအသင်းကို (၁၄)လကြာကိုင်တွယ်ပြီးနောက် နည်းပြရာထူးကနေ ထွက်ခွာခဲ့ပါတယ်။ မန်ချီနီဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်ကမှ ဆော်ဒီအသင်းနည်းပြသစ်အဖြစ် တစ်နှစ်ကိုပေါင်(၂၁)သန်းနဲ့ (၄)နှစ်စာချုပ်ချုပ်ဆိုကာ ခန့်အပ်ခံခဲ့ရတဲ့သူပါ။ အီတလီအသင်းကို ယူရို-၂၀၂၀ ပြိုင်ပွဲမှာ ချန်ပီယံဆုရရှိအောင် ကိုင်တွယ်ပေးနိုင်ခဲ့တဲ့ မန်ချီနီဟာ အီတလီအသင်းနည်းပြရာထူးကနေ...

ရစ်ချာလီဆန်ကို ယုံကြည်မှုတွေ မြင့်တက်စေဖို့ မိမိ ပယ်နယ်တီ ပေးကန်ခဲ့တာလို့ မက်ဒီဆန် ဆို

မနေ့က စပါး(၁-၀ AZ အယ်လ်ခမာ)ယူရိုပါလိဂ်ပွဲစဉ်မှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တဲ့ ကွင်းလယ်လူ မက်ဒီဆန်က စပါးအသင်းရရှိတဲ့ ပယ်နယ်တီကို အသင်းဖော်တိုက်စစ်မှူး ရစ်ချာလီဆန် ယုံကြည်မှုတွေမြှင့်တက်စေဖို့ သူပေးကန်ခဲ့တာလို့ ဆိုခဲ့ပါတယ်။ ဒီပယ်နယ်တီကို ရစ်ချာလီဆန်က ဂိုးဝင်အောင်ကန်သွင်းပြီး စပါးအသင်းကို ယူရိုပါလိဂ်ပြိုင်ပွဲမှာ...

တန်ဟတ်လက်ထက်မှာ မန်ယူနိုက်တက်က တိုးတက်လာခြင်းမရှိဘူးလို့ ပေါလ်စခိုးလ် ယုံကြည်

မနေ့က ဖီနာဘာချီ(၁-၁)မန်ယူနိုက်တက် ယူရိုပါလိဂ်ပွဲစဉ်မှာ မန်ယူနိုက်တက်အသင်းရဲ့ဆိုးရွားတဲ့ပုံစံကို ကြည့်ရှုပြီးနောက် ရုပ်သံဘောလုံးဝေဖန်သုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ ပေါလ်စခိုးလ်က မန်ယူနိုက်တက်အသင်းဟာ နည်းပြ အဲရစ်တန်ဟတ်လက်အောက်မှာ တိုးတက်လာခြင်းမရှိဘူးလို့ ယုံကြည်ကြောင်း ဆိုခဲ့ပါတယ်။ မန်ယူနိုက်တက်အသင်းဟာ ဖီနာဘာချီအသင်းနဲ့ သရေကျခဲ့ပြီး ဒီရာသီ ယူရိုပါလိဂ်ပွဲစဉ်(၃)ပွဲကစားအပြီးမှာ (၃)ပွဲစလုံးသရေကျကာ...

ကြွက်သားဒဏ်ရာကြောင့် ဘာစီလိုနာနဲ့ El Clasico ပွဲကို ကော်တိုအာ လွဲချော်ဖွယ်ရှိ

ဘယ်လ်ဂျီယံဂိုးသမား ကော်တိုအာဟာ ကြွက်သားဒဏ်ရာရရှိနေတယ်လို့ ရီးရဲလ်မက်ဒရစ်အသင်းက ထုတ်ပြန်ထားတာကြောင့် လာမယ့် ဘာစီလိုနာအသင်းနဲ့ El Clasico ပွဲကို လွဲချော်ဖွယ်ရှိနေပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းက ဒေါ့မွန်အသင်းကို (၅-၂)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကို ပွဲချိန်ပြည့်ပါဝင်ကစားခဲ့တဲ့ ကော်တိုအာဟာ ဒဏ်ရာကြောင့် ဘာစီလိုနာအသင်းနဲ့ပွဲစဉ်အပြင်...

၂၄.၁၀.၂၀၂၄ ရဲ့သတင်းအတိုအထွာများ စုစည်းမှု

■ မန်စီးတီးအသင်းဟာ တိုက်စစ်မှူး ဟာလန်းရဲ့နေရာမှာ ရေရှည်အစားထိုးမှုအဖြစ် ဆွီဒင်တိုက်စစ်မှူး ဂျီယိုကီရက်စ်ကို ခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်။ အသက်(၂၆)နှစ်အရွယ်ရှိ ဂျီယိုကီရက်စ်ဟာ စပို့တင်းလစ္စဘွန်းအသင်းအတွက် (၆၃)ပွဲကစားထားရာမှာ (၅၆)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။ ■ မန်ယူနိုက်တက်အသင်းဟာ နာပိုလီအသင်းတောင်ပံကစားသမား ကဗာရာရှက်ခလီယာနဲ့ ဗဟိုနောက်ခံလူ ဘွန်ဂျော်နိုတို့ကို ခေါ်ယူဖို့...