နွေရာသီမှာ ကြယ်ပွင့်ကစားသမား(၆)ဦးအထိ ရောင်းချဖို့ ဘိုင်ယန်မြူးနစ် စီစဉ်

0

ဂျာမန်ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်အသင်းဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ ကြယ်ပွင့်ကစားသမား(၆)ဦးအထိ ရောင်းချဖို့ရှိနေတယ်လို့ ဂျာမနီမီဒီယာတွေက ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ရာသီကို ဆုဖလားလက်မဲ့နဲ့အဆုံးသတ်ခဲ့ရတဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ ကွန်ပနီကို နည်းပြသစ်အဖြစ်ခန့်အပ်ပြီးနောက် ရာသီသစ်မှာတိုးတက်မှုတွေရရှိဖို့မျှော်လင့်နေတာပါ။

ဘိုင်ယန်မြူးနစ်အသင်းဟာ နွေရာသီအပြောင်းအရွှေ့ကာလမှာ နာမည်ကြီးကစားသမားတွေကို အားဖြည့်ဖို့ရှိနေသလို ကလပ်မှာရှိတဲ့ ကြယ်ပွင့်အချို့ကိုလည်း ရောင်းချသွားနိုင်တာဖြစ်ပါတယ်။ အဲ့ဒါကြောင့် နည်းပြသစ်ကွန်ပနီဟာ သူ့ရဲ့ဘိုင်ယန်မြူးနစ်အသင်းနည်းပြဘ၀ ပထမဆုံးရာသီမှာ အပြောင်းအလဲအများအပြားကို မြင်တွေ့ရဖွယ်ရှိနေတာပါ။ Sky Germany က ဘိုင်ယန်မြူးနစ်အသင်းဟာ သင့်တော်တဲ့ကမ်းလှမ်းမှုရရင် ဒီလစ်၊ကင်မစ်ရှ်၊ဂေါ်ရက်စကာ၊ကိုးမန်း၊နာဘရီနဲ့ မက်ဇ်ရိုအီတို့ကို ရောင်းချဖို့ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ အခုအချိန်ထိတော့ ဒီကစားသမား(၆)ဦးအတွက် ကမ်းလှမ်းမှုမရရှိသေးပါဘူး။ ၂၀၂၂ နွေရာသီက ဂျူဗင်တပ်စ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ နောက်ခံလူ ဒီလစ်ဟာ ပြီးခဲ့တဲ့ရာသီရဲ့ပထမရာသီဝက်မှာ ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရပေမယ့် ဒုတိယရာသီဝက်မှာတော့ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့ပါတယ်။ ၂၀၁၅ က လိုက်ပ်ဇစ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ကင်မစ်ရှ်ဟာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ပွဲပေါင်း(၃၉၀)ပါဝင်ကစားထားပြီး ဆုဖလားအများအပြားရယူနိုင်ခဲ့ပေမယ့် ထွက်ခွာရဖို့ ရှိနေတာပါ။

ဘိုင်ယန်မြူးနစ်အသင်းဟာ မန်ယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူဖို့ ကြိုးစားနေပြီး နောက်ထပ်ပစ်မှတ်ကစားသမားတွေကိုလည်း ချိတ်ဆက်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *