ဇွန်လ ၉ ရက်နေ့ သတင်းအတိုအထွာ စုစည်းမှုများ

0

ဒီနေ့ရဲ့သတင်းအတိုအထွာများစုစည်းမှု

■ မန်ယူနိုက်တက်အသင်းဟာ အင်္ဂလန်အသင်းတောင်ပံကစားသမား အီဇီကို ခေါ်ယူဖို့ စပါးအသင်းနဲ့အပြိုင် စိတ်ဝင်စားနေပါတယ်။ ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ၂၀၂၇ ဇွန်အထိစာချုပ်ရှိနေတဲ့ အီဇီအတွက် ပြောင်းရွှေ့ကြေးပေါင်သန်း(၆၀) သတ်မှတ်ထားတာဖြစ်ပါတယ်။

■ မန်စီးတီးအသင်းဟာ အာဂျင်တီးနားတိုက်စစ်မှူး အယ်လ်ဗားရက်ဇ်ကို ဆက်ထိန်းထားချင်နေပြီး အငှားနဲ့ကမ်းလှမ်းတဲ့ ဘယ်ကမ်းလှမ်းမှုကိုမဆို လက်ခံသွားဖို့မရှိဘူးလို့သိရပါတယ်။ အယ်လ်ဗားရက်ဇ်ကို ခေါ်ယူဖို့ ချယ်လ်ဆီး၊အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ PSG အသင်းတို့က စိတ်ဝင်စားနေတာဖြစ်ပါတယ်။

■ ဘရိုက်တန်အသင်းဟာ စိန့်ပေါ်လီအသင်းနည်းပြ ဟာဇီလာကို နည်းပြသစ်အဖြစ်ခန့်အပ်နိုင်ဖို့နီးစပ်နေပါတယ်။ အသက်(၃၁)နှစ်အရွယ်သာရှိသေးတဲ့ ဟာဇီလာဟာ ဘရိုက်တန်အသင်းနည်းပြဖြစ်လာခဲ့ရင် ပရီးမီးယားလိဂ်သမိုင်းမှာ အသက်အငယ်ဆုံးနည်းပြအဖြစ်မှတ်တမ်းဝင်မှာဖြစ်ပါတယ်။

■ နယူးကာဆယ်အသင်းဟာ အသက်(၂၁)နှစ်အရွယ်ရှိ အင်္ဂလန်ဂိုးသမား ဂျိမ်းစ်ထရက်ဖိုဒ့်ကို ခေါ်ယူဖို့ ဘန်လေအသင်းထံ ပေါင်(၁၆)သန်းနဲ့ ကမ်းလှမ်းမှုပြုလုပ်ခဲ့ပါတယ်။ ဘန်လေအသင်းဟာ ဂျိမ်းစ်ထရက်ဖိုဒ့်အတွက် ပေါင်သန်း(၂၀)လိုချင်နေတာကြောင့် နယူးကာဆယ်အသင်းအနေနဲ့ ပြောင်းရွှေ့ကြေးတိုးပြီး ကမ်းလှမ်းရဖို့ရှိနေတာဖြစ်ပါတယ်။

■ ဖီနာဘာချီအသင်းဟာ ဂီတာဖေးအသင်းထံ အငှားနဲ့သွားရောက်ကစားခဲ့တဲ့ မန်ယူနိုက်တက်အသင်းတိုက်စစ်မှူး ဂရင်းဝုဒ်ကို ခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်။ ဒါပေမယ့် ဂရင်းဝုဒ်ဟာ ဖီနာဘာချီအသင်းနည်းပြသစ် မော်ရင်ဟိုနဲ့ အလုပ်တွဲပြီးမလုပ်ချင်ဘူးလို့ သိရပါတယ်။

■ ဘိုင်ယန်မြူးနစ်အသင်းဟာ ပေါ်တူဂီကွင်းလယ်လူ ပယ်လ်ဟင်ညာအတွက် ဖူလ်ဟမ်အသင်းကို ကမ်းလှမ်းမှုအသစ်ပြုလုပ်ဖို့ရှိနေပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ပယ်လ်ဟင်ညာကို ခေါ်ယူဖို့ အလွန်နီးစပ်ခဲ့ပေမယ့် အပြောင်းအရွှေ့ပျက်ပြယ်ခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *