ဇွန်လ ၆ ရက်နေ့ သတင်းအတိုအထွာ စုစည်းမှု

0

■ အက်သလက်တီကိုမက်ဒရစ်အသင်းဟာ မန်စီးတီးအသင်းတိုက်စစ်မှူး အယ်လ်ဗားရက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ အဲ့ဒါကြောင့် အက်သလက်တီကိုမက်ဒရစ်အသင်းဟာ သူတို့ရဲ့အာဂျင်တီးနားကစားသမားတွေဖြစ်တဲ့ ကော်ရီယာ၊ဒီပေါလ်၊မိုလီနာတို့ကို ချဉ်းကပ်ပြီး အယ်လ်ဗားရက်ဇ်ကို ခေါ်ယူနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ မာကာသတင်းစာက ဖော်ပြထားပါတယ်။

■ ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူက ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ သွားရောက်ပြီးကစားနိုင်တယ်လို့ အရိပ်အမြွက်ပြောလိုက်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ဆော်ဒီကလပ်တွေရဲ့ချိတ်ဆက်မှုခံနေရတဲ့ လူကာကူကို ဒီနွေရာသီမှာ အပြီးသတ်ရောင်းချနိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။

■ မန်ယူနိုက်တက်အသင်းဟာ လိုင်လီအသင်းနောက်ခံလူ ယိုရိုကို ခေါ်ယူဖို့ ချဉ်းကပ်မှုတွေပြုလုပ်နေပြီး ယူရိုသန်း(၆၀)နဲ့ ကမ်းလှမ်းမှုပြုလုပ်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ဒါပေမယ့် ယိုရိုကို ခေါ်ယူနိုင်ဖို့ ရီးရဲလ်မက်ဒရစ်အသင်းက ဦးဆောင်နေတာဖြစ်ပါတယ်။

■ အာဆင်နယ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားခြင်းခံနေရတဲ့ အစ်ဆက်ဟာ နယူးကာဆယ်အသင်းမှာ ပျော်ရွှင်နေပြီး ထွက်ခွာဖို့ စိတ်ကူးမရှိဘူးလို့ ပြောခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ နွေရာသီမှာ တိုက်စစ်ပိုင်းကို အားဖြည့်ဖို့ တိုက်စစ်မှူးအချို့ကို ချိတ်ဆက်နေပြီး လိုက်ပ်ဇစ်အသင်းတိုက်စစ်မှူး ဆက်စ်ကို ကိုခေါ်ယူဖို့ သဘောတူညီမှုရရှိထားပါတယ်။

■ ဂါလာတာစာရေးအသင်းဟာ မန်ယူနိုက်တက်အသင်းနဲ့ စာချုပ်ကုန်ဆုံးပြီးထွက်ခွာလာခဲ့တဲ့ တိုက်စစ်မှူး မာရှယ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ဒါပေမယ့် မာရှယ်ဟာ သူ့ရဲ့လုပ်ခလစာတောင်းဆိုမှုကို လျှော့ချဖို့ လိုအပ်နေတာဖြစ်ပါတယ်။

■ အီတလီလူမျိုးနည်းပြ အန်ဆယ်လော့တီဟာ ရီးရဲလ်မက်ဒရစ်အသင်းက ထွက်ခွာဖို့ဆုံးဖြတ်ထားတဲ့ နောက်ခံလူ နာချိုရဲ့ဆုံးဖြတ်ချက်ကို ပြန်ပြောင်းဖို့တောင်းဆိုထားတယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာ နာချိုခေါ်ယူဖို့ မေဂျာလိဂ်ကလပ်အသင်းတွေနဲ့ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာအသင်းက စိတ်ဝင်စားနေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *