ဒဏ်ရာကြောင့် ယူရို-၂၀၂၄ အဖွင့်ပွဲစဉ်ကို လီဝန်ဒေါစကီးလွဲချော်မယ်လို့ ပိုလန်ထုတ်ပြန်

0

ဘာစီလိုနာအသင်းတိုက်စစ်မှူး လီဝန်ဒေါစကီးဟာ ပေါင်ဒဏ်ရာကြောင့် နယ်သာလန်အသင်းနဲ့ ယှဉ်ပြိုင်မယ့် ယူရို-၂၀၂၄ ပြိုင်ပွဲအုပ်စုအဖွင့်ပွဲစဉ်ကို လွဲချော်မယ်လို့ ပိုလန်အသင်းက ထုတ်ပြန်ခဲ့ပါတယ်။

လီဝန်ဒေါစကီးဟာ ယူရို-၂၀၂၄ ပြိုင်ပွဲမတိုင်ခင်နောက်ဆုံးခြေစမ်းပွဲအဖြစ်ကစားခဲ့တဲ့ ပိုလန်(၂-၁)တူရကီပွဲစဉ်ရဲ့ ပွဲချိန်မိနစ်(၃၀)ကျော်မှာ ဒဏ်ရာရရှိသွားခဲ့တာကြောင့်လူစားလဲခဲ့ရတာပါ။

တူရကီနဲ့ ခြေစမ်းပွဲမှာ ဒဏ်ရာရသွားခဲ့တဲ့ ပိုလန်တိုက်စစ်မှူး လီဝန်ဒေါစကီး

လီဝန်ဒေါစကီးဟာ တူရကီအသင်းနဲ့ပွဲစဉ်မှာ ရရှိတဲ့ဒဏ်ရာကြောင့် ယူရို-၂၀၂၄ ပြိုင်ပွဲကို လွဲချော်သွားနိုင်တယ်ဆိုပြီး စိုးရိမ်မှုတွေရှိခဲ့ပေမယ့် ပိုလန်အသင်းက လီဝန်ဒေါစကီးဟာ အုပ်စုအဖွင့်ပွဲစဉ်ကိုသာ လွဲချော်မယ်လို့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့် လီဝန်ဒေါစကီးဟာ သြစတြီးယားအသင်း၊ပြင်သစ်အသင်းတို့နဲ့ ကစားမယ့် ယူရိုအုပ်စုလက်ကျန်ပွဲစဉ်(၂)ပွဲမှာ ပိုလန်အသင်းအတွက် ပါဝင်နိုင်မှာပါ။

အသက်(၃၅)နှစ်အရွယ်ရှိ လီဝန်ဒေါစကီးဟာ ပိုလန်အသင်းသမိုင်းမှာ ပွဲအရေအတွက်အများဆုံးနဲ့ ဂိုးအများဆုံးသွင်းယူထားသူအဖြစ် မှတ်တမ်းရေးထိုးထားနိုင်တာဖြစ်ပါတယ်။ ပိုလန်အသင်းနောက်ခံလူ ပါဝဲလ်နဲ့ တိုက်စစ်မှူး ကာရိုလ်တို့ဟာ ဒဏ်ရာတွေရရှိခဲ့ပေမယ့် (၃)ရက်ကနေ (၄)ရက်အတွင်းမှာ လေ့ကျင့်မှုတွေအပြည့်အဝပြန်လည်ပြုလုပ်မယ်လို့လည်း ပိုလန်အသင်းရဲ့ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားတာပါ။

ပိုလန်အသင်းဟာ ယူရိုပြိုင်ပွဲကို (၄)ကြိမ်သာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့ပြီး အမြင့်ဆုံးအောင်မြင်မှုအဖြစ် ယူရို-၂၀၁၆ ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *