ယူရို အဖွင့်ပွဲစဉ်မတိုင်ခင် (၄ရက်အလိုမှာ ဂျွန်စတုန်းစ် ဖျားနာပြီး လေ့ကျင့်ရေးလွဲချော်

0

မန်စီးတီးအသင်းနောက်ခံလူ ဂျွန်စတုန်းစ်ဟာ ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ရေးအစီအစဉ်ကို လွဲချော်ခဲ့တာကြောင့် အင်္ဂလန်အသင်းအတွက် စိုးရိမ်စရာဖြစ်လာခဲ့ရပါတယ်။

ဂျွန်စတုန်းစ်ဟာ အင်္ဂလန်အသင်းရဲ့ယူရို-၂၀၂၄ ပြိုင်ပွဲအဖွင့်ပွဲစဉ်မတိုင်ခင် (၄)ရက်အလိုမှာ ဖျားနာနေခဲ့တာပါ။

ဂျွန်စတုန်းစ်ဟာ ပြီးခဲ့တဲ့ အိုက်စလန်အသင်းနဲ့ ခြေစမ်းပွဲစဉ်မှာ ဒဏ်ရာကြောင့်လူစားလဲခံခဲ့ရပေမယ့် အင်္ဂါနေ့က ဂျာမနီမှာ ပြုလုပ်ခဲ့တဲ့ အင်္ဂလန်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ ပါဝင်ခဲ့ပြီး ကောင်းမွန်နေတာကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် ဂျွန်စတုန်းစ်ဟာ ဒီအချိန်မှာကတည်းက နေမကောင်းဖြစ်နေခဲ့ပြီး ဗုဒ္ဓဟူးနေ့ကပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်းအစီအစဉ်မှာ ပါဝင်နိုင်ခဲ့ခြင်းမရှိတာပါ။

အဲ့ဒါကြောင့် ဆားဘီးယားအသင်းနဲ့ ကစားမယ့် အဖွင့်ပွဲစဉ်မတိုင်ခင် အင်္ဂလန်အသင်းအတွက် စိုးရိမ်စရာဖြစ်လာခဲ့ရပါတယ်။ ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်းအစီအစဉ်မှာ ဒဏ်ရာကပြန်လာနိုင်ဖို့ တွန်းအားပေးလုပ်ဆောင်နေတဲ့ လုပ်ခ်ရှောအပါအဝင် ကစားသမား(၂၅)ဦးပါဝင်ခဲ့တာဖြစ်ပါတယ်။

လုပ်ခ်ရှောဟာ ‌ပြီးခဲ့တဲ့ ဖေဖော်ဝါရီကတည်းက မန်ယူနိုက်တက်အသင်းအတွက် မပါဝင်နိုင်ခဲ့ပေမယ့် နည်းပြ ဆောက်ဂိတ်ဟာ သူ့ကို အရဲစွန့်ပြီး ယူရို-၂၀၂၄ ပြိုင်ပွဲဝင်မယ့် အင်္ဂလန်လူစာရင်းမှာ ရွေးချယ်ခံခဲ့ရတာပါ။ ဂျွန်စတုန်းစ်သာ ဆားဘီးယားအသင်းနဲ့ပွဲစဉ်မှာ မပါဝင်နိုင်ရင် အင်္ဂလန်အသင်းဟာ ဗဟိုနောက်ခံလူအဖြစ် ဒန့်၊ကွန်ဆာ၊ဂိုးမက်ဇ်တို့ထဲက တစ်ဦးဦးနဲ့ ဂူဟီကို ပွဲထွက်လူစာရင်းမှာ အသုံးပြုဖို့ရှိနေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *