မိုဒရစ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ ဆက်ရှိမှာဖြစ်ပြီး လာမယ့်အပတ်ထဲ စာချုပ်သစ်ချုပ်ဆိုမယ်

0

ခရိုအေးရှားအသင်းခေါင်းဆောင် မိုဒရစ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ ဆက်ရှိမှာဖြစ်ပြီး လာမယ့်အပတ်ထဲ စာချုပ်သစ်ချုပ်ဆိုမယ်လို့ အပြောင်းအရွှေ့ကျွမ်းကျင်သူ ဖာဘရီဇီယိုရိုမန်နိုက သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ဖော်ပြထားပါတယ်။

မိုဒရစ်နဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ ချုပ်ဆိုထားတဲ့စာချုပ်ဟာ ဇွန်(၃၀)ရက်မှာ ကုန်ဆုံးမှာဖြစ်လို့ အနာဂတ်နဲ့ပတ်သက်ပြီး မရေမရာတွေဖြစ်နေခဲ့တာပါ။

ဒါပေမယ့် မိုဒရစ်ကိုယ်တိုင်က ရီးရဲလ်မက်ဒရစ်အသင်းမှာ အသင်းဖော် တိုနီကရူးစ်လို ကလပ်ကစားသမားဘဝကို အဆုံးသတ်ချင်နေတာဖြစ်ပါတယ်။ မိုဒရစ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ ဆက်ရှိဖို့အတွက် ကြီးမားတဲ့ ကမ်းလှမ်းမှု(၂)ခုကို ငြင်းပယ်ခဲ့တယ်လို့ ဖာဘရီဇီယိုရိုမန်နိုက ဖော်ပြထားတာပါ။ မိုဒရစ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းဥက္ကဋ္ဌ ပီရက်ဇ်နဲ့ တွေ့ဆုံပြီး စာချုပ်ပေါ်မှာ လက်မှတ်ရေးထိုးကာ ဓါတ်ပုံရိုက်ပြီး စာချုပ်သစ်ကြေညာဖို့ပဲ ကျန်တော့တယ်လို့ သိရပါတယ်။

ပီရက်ဇ်ကိုယ်တိုင်ကလည်း မိုဒရစ် ရီးရဲလ်မက်ဒရစ်အသင်းမှာ ဆက်ရှိမယ်လို့ ထင်ကြောင်းပြောခဲ့တာပါ။ ပီရက်ဇ်က “မိုဒရစ်ဟာ နောက်ထပ်တစ်ရာသီ ကျွန်တော်တို့နဲ့အတူ ဆက်ရှိမယ်လို့ ထင်ပါတယ်။ သူဆက်ရှိမယ်လို့လည်း ကျွန်တော်ယုံကြည်တယ်”လို့ မီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်ပြောခဲ့တာပါ။

စပါးအသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့၂၀၁၂ ကတည်းက ရီးရဲလ်မက်ဒရစ်အသင်းမှာ ရှိခဲ့တဲ့ မိုဒရစ်ဟာ အသင်းအတွက် ပွဲပေါင်း(၅၃၄)ပွဲပါဝင်ကစားထားပြီး (၃၉)ဂိုးသွင်းယူကာ ချန်ပီယံလိဂ်ဖလား(၆)ကြိမ်အပါအဝင် ဆုဖလားအများအပြား ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *