ဒေါ့မွန်အသင်းက ရုတ်တရက်နုတ်ထွက် လမ်းခွဲခဲ့တဲ့ တာဇစ်

0

ဒေါ့မွန်အသင်းကို ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ပို့ဆောင်ပေးခဲ့တဲ့ နည်းပြတာဇစ်ဟာ အသင်းနည်းပြရာထူးက ရုတ်တရက် နုတ်ထွက်ခဲ့ပါတယ်။

တာဇစ်ဟာ သူ့ရဲ့စာချုပ်ကိုဖျက်သိမ်းပေးဖို့တောင်းဆိုခဲ့ပြီးနောက် ဒေါ့မွန်အသင်းတာဝန်ရှိသူတွေက သူ့ရဲ့တောင်းဆိုမှုကို သဘောတူခဲ့တာဖြစ်ပါတယ်။

အခုလို တာဇစ် အသင်းကနေ ရုတ်တရက်ထွက်ခွာခြင်းအတွက် ထင်ကြေးသတင်းတွေများစွာထွက်ပေါ်ခဲ့ပါတယ်။

တာဇစ်အနေနဲ့ ဒေါ့မွန်အသင်းခေါင်းဆောင် ဟမ်းမဲလ်နဲ့ အဆင်မပြေဘဲ ချန်ပီယံလိဂ်ဗိုလ်လုပွဲမတိုင်မီက နှစ်ဦးအခြေအတင်စကားများခဲ့ကြောင်းလည်း သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

အသက်(၄၁)နှစ်အရွယ်တာဇစ်အနေနဲ့ ၂၀၂၁ ခုနှစ်က ဒေါ့မွန်အသင်းနဲ့အတူ DFB ဖလားဆွတ်ခူးခဲ့ပြီး ပြီးခဲ့တဲ့ရာသီက အသင်းကို ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ရာသီ ဘွန်ဒစ်လီဂါမှာ ရလဒ်ဆိုးတချို့ကြုံတွေ့ခဲ့ရပြီး သူ့ရဲ့နည်းစနစ်တွေနဲ့ ပတ်သက်လို့ နောက်ခံလူ ဟမ်းမဲလ်က ဝေဖန်ပြောဆိုရာကနေ သူတို့နှစ်ဦးအချင်းများခဲ့ကြကြောင်း သိရပါတယ်။

သူတို့နှစ်ဦး အဆင်မပြေဖြစ်ခဲ့ကြတာအတွက် ဒီနှစ်ဦးအနက် တစ်ဦးကတော့ ဒီနွေရာသီမှာ အသင်းကထွက်ခွာရမှာဖြစ်ကြောင်း Bild သတင်းစာက​
ဖော်ပြခဲ့ပြီး အခုတော့ တာဇစ်က အသင်းက ထွက်ခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *