ဇွန်လ(၁၆)ရက်နေ့ သတင်းအတိုအထွာစုစည်းမှုများ

0

■ မန်ယူနိုက်တက်အသင်းဟာ နယ်သာလန်လက်ရွေးစင်နောက်ခံလူ ဒီလစ်ကိုခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဆွေးနွေးမှုတွေစတင်ပြုလုပ်နေတယ်လို့ ဂျာမန်သတင်းတွေမှာ ဖော်ပြထားပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီလစ်အတွက် ပြောင်းရွှေ့ကြေးပေါင်သန်း(၅၀)သတ်မှတ်ထားတယ်လို့ သိရပါတယ်။

■ ဘရိုက်တန်အသင်းဟာ စိန့်ပေါ်လီအသင်းနည်းပြ ဖာဘီယန်ဟာဇီလာကို နည်းပြသစ်အဖြစ် ၂၀၂၇ အထိစာချုပ်ချုပ်ဆိုကာ ခန့်အပ်လိုက်ပါတယ်။ အသက်(၃၁)နှစ်အရွယ်သာရှိသေးတဲ့ ဖာဘီယန်ဟာဇီလာဟာ ပရီးမီးယားလိဂ်သမိုင်းမှာ အသက်အငယ်ဆုံးနည်းပြအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။

■ အာဂျင်တီးနားအသင်းတောင်ပံကစားသမား ဒီမာရီယာဟာ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းထံ ပြောင်းရွှေ့မယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် အခုအချိန်ထိ သဘောတူညီမှုမရရှိသေးဘူးလို့ သိရပါတယ်။ ဒီမာရီယာနဲ့ ဘင်ဖီကာအသင်းချုပ်ဆိုထားတဲ့စာချုပ်ဟာ ဇွန်(၃၀)ရက်မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။

■ လီဗာပူးလ်အသင်းဟာ ယူရို-၂၀၂၄ ပြိုင်ပွဲဝင် ဂျာမနီအသင်းလူစာရင်းမှာပါဝင်တဲ့ စတုဂတ်အသင်းဗဟိုနောက်ခံလူ အန်တန်ကိုခေါ်ယူဖို့ စုံစမ်းမေးမြန်းမှုတွေပြုလုပ်ခဲ့ပါတယ်။ အန်တန်နဲ့ စတုဂတ်တို့ရဲ့စာချုပ်ထဲမှာ စာချုပ်ဖျက်သိမ်းကြေး(Release Clause) ပေါင်(၁၉)သန်းပါဝင်တာဖြစ်ပါတယ်။

■ မန်ယူနိုက်တက်အသင်းနောက်ခံလူ လင်ဒီလော့ဖ်ဟာ ဖီနာဘာချီအသင်းနည်းပြသစ် မော်ရင်ဟိုရဲ့ပစ်မှတ်ဖြစ်လာခဲ့ပါတယ်။ မော်ရင်ဟိုဟာ မန်ယူနိုက်တက်အသင်းကို ကိုင်တွယ်ချိန်က လင်ဒီလော့ဖ်နဲ့အတူ လက်တွဲလုပ်ကိုင်ခဲ့ပြီး လင်ဒီလော့ဖ်ရဲ့စာချုပ်ဟာ လာမယ့်ရာသီအကုန်မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။

■ ဘိုင်ယန်မြူးနစ်အသင်းရဲ့စိတ်ဝင်စားခြင်းခံနေရတဲ့ ပြင်သစ်နောက်ခံလူ သီယိုဟာနန်ဒက်ဇ်ဟာ အေစီမီလန်အသင်းက ထွက်ခွာဖို့ စဉ်းစားနိုင်တယ်လို့ အရိပ်အမြွက်ပြောခဲ့ပါတယ်။ ၂၀၁၉ က ရီးရဲလ်မက်ဒရစ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ သီယိုဟာနန်ဒက်ဇ်နဲ့ အေစီမီလန်အသင်းတို့ရဲ့စာချုပ်ဟာ ၂၀၂၆ ဇွန်(၃၀)ရက်မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *