၂၀.၆.၂၀၂၄ ရဲ့သတင်းအတိုအထွာများ စုစည်းမှု

0

■ လက်စတာအသင်းဟာ နော်တင်ဂမ်ဖောရက်စ်အသင်းနည်းပြဟောင်း စတိဗ်ကူးပါးကို နည်းပြသစ်အဖြစ်(၃)နှစ်စာချုပ်ချုပ်ဆိုကာ ခန့်အပ်ကြောင်း ကြေညာခဲ့ပါတယ်။ လက်စတာအသင်းဟာ ထွက်ခွာသွားတဲ့ နည်းပြ မာရက်စ်ကာရဲ့နေရာမှာအစားထိုးဖို့ နည်းပြအများအပြားနဲ့ ချိတ်ဆက်မှုတွေပြုလုပ်ခဲ့ပြီး နောက်ဆုံးမှာ စတိဗ်ကူးပါးကို နည်းပြသစ်အဖြစ်ခန့်အပ်နိုင်ခဲ့တာဖြစ်ပါတယ်။

■ လာဇီယိုအသင်းဟာ အင်္ဂလန်တိုက်စစ်မှူး ဂရင်းဝုဒ်ကို ပေါင်သန်း(၃၀)နဲ့ ခေါ်ယူဖို့ မန်ယူနိုက်တက်အသင်းနဲ့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့ Daily Mail က ဖော်ပြထားပါတယ်။ ဂရင်းဝုဒ်ကိုခေါ်ယူဖို့ နာပိုလီအသင်းနဲ့ ဂျူဗင်တပ်စ်အသင်းတို့ကလည်း စိတ်ဝင်စားနေတာဖြစ်ပါတယ်။

■ အက်စတွန်ဗီလာအသင်းဟာ နယ်သာလန်လက်ရွေးစင်နောက်ခံလူ အီယန်မတ်ဆန်ကို ခေါ်ယူဖို့ ချယ်လ်ဆီးအသင်းနဲ့ ပြောင်းရွှေ့ကြေး ပေါင်(၃၇.၅)သန်းနဲ့ သဘောတူညီမှုရရှိခဲ့ပါတယ်။ အက်စတွန်ဗီလာအသင်းဟာ အီယန်မတ်ဆန်ကို (၆)နှစ်စာချုပ်ချုပ်ဆိုမယ်လို့ သိရပါတယ်။

■ ဘိုင်ယန်မြူးနစ်အသင်းဟာ PSG အသင်းကွင်းလယ်လူ ဇာဗီဆိုင်မွန်ကို နွေရာသီအပြောင်းအရွှေ့ကာလမှာ ခေါ်ယူဖို့ အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားပါတယ်။ ဒါပေမယ့် ဘိုင်ယန်မြူးနစ်အသင်းဟာ နယ်သာလန်ကွင်းလယ်လူ ဇာဗီဆိုင်မွန်ကို ခေါ်ယူဖို့ ယူရိုသန်း(၁၀၀)ဝန်းကျင်ပေးချေရဖွယ်ရှိနေတာဖြစ်ပါတယ်။

■ နိုက်စ်အသင်းနောက်ခံလူ တိုဒီဘိုရဲ့မန်ယူနိုက်တက်အသင်းထံ အပြောင်းအရွှေ့ကို ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)က ပိတ်ပင်ခဲ့တယ်လို့ ဗြိတိန်ဘီလျံနာ ဆာဂျင်ရက်ကလစ်ဖ်က ပြောခဲ့ပါတယ်။ ဆာဂျင်ရက်ကလစ်ဖ်ဟာ နိုက်စ်အသင်းကို ပိုင်ဆိုင်သလို မန်ယူနိုက်တက်အသင်းမှာလည်း အစုရှယ်ယာအနည်းစုပိုင်ဆိုင်ထားတာကြောင့် UEFA ဟာ တိုဒီဘိုရဲ့အပြောင်းအရွှေ့ကို ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။

■ ချယ်လ်ဆီးအသင်းဟာ အက်သလက်တီကိုမက်ဒရစ်အသင်းတိုက်စစ်မှူး အိုမိုရိုဒီရွန်နဲ့ အက်စတွန်ဗီလာအသင်းတိုက်စစ်မှူး ဒူရန်တို့(၂)ဦးစလုံးကို စိတ်ဝင်စားနေပေမယ့် (၁)ဦးကိုသာ ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *