၂၃.၆.၂၀၂၄ အတွက် သတင်းအတိုအထွာများ စုစည်းမှု

0

■ ချယ်လ်ဆီးအသင်းဟာ လာမယ့်ရာသီတိုက်စစ်ပိုင်းကို ပိုပြီးအားကောင်းစေဖို့အတွက် လိုင်လီအသင်းတိုက်စစ်မှူး ဂျိုနသန်ဒေးဗစ်ကို ခေါ်ယူဖို့ သူ့ရဲ့ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးမှုတွေပြုလုပ်နေပါတယ်။ ဂျိုနသန်ဒေးဗစ်နဲ့ လိုင်လီအသင်းတို့ချုပ်ဆိုထားတဲ့ စာချုပ်ဟာ (၁)နှစ်သာကျန်ရှိတော့တာဖြစ်ပါတယ်။

■ နယူးကာဆယ်အသင်းဟာ အဲဗာတန်အသင်းနဲ့ စာချုပ်သက်တမ်း(၁)နှစ်သာကျန်ရှိတော့တဲ့ တိုက်စစ်မှူး ကယ်လ်ဗတ်လီဝန်ကို ခေါ်ယူဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ ကယ်လ်ဗတ်လီဝန်ဟာ အဲဗာတန်အသင်းအတွက် (၂၄၈)ပွဲကစားထားပြီး (၆၈)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

■ နယ်သာလန်လက်ရွေးစင်တိုက်စစ်ကစားသမား ဇာဗီဆိုင်မွန်ဟာ နွေရာသီအပြောင်းအရွှေ့ကာလမှာ ထွက်ခွာမယ့် သူ့ရဲ့အစီအစဉ်ကို PSG အသင်းထံ တရားဝင်အကြောင်းကြားထားပါတယ်။ ဇာဗီဆိုင်မွန်ကို ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်အသင်းက စိတ်ဝင်စားနေတာဖြစ်ပြီး PSG အသင်းဟာ သူ့ကို အပြီးသတ်ရောင်းချမှာမဟုတ်ဘဲ အငှားသာချသွားဖို့ရှိနေပါတယ်။

■ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းဟာ ပြင်သစ်နောက်ခံလူဟောင်း ဗာရန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ဗာရန်းဟာ မန်ယူနိုက်တက်အသင်းနဲ့ စာချုပ်ကုန်ဆုံးခဲ့ပြီဖြစ်တာကြောင့် အင်တာမိုင်ယာမီအသင်းဟာ သူ့ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလို့ရမှာဖြစ်ပါတယ်။

■ ဂျာမနီလက်ရွေးစင်နောက်ခံလူ ကင်မစ်ရှ်ဟာ ၂၀၂၅ ကိုကျော်လွန်ပြီး ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့မရှိတော့ဘူးလို့ Sky Sport Germany က ဖော်ပြထားပါတယ်။ အဲ့ဒါကြောင့် ဘိုင်ယန်မြူးနစ်အသင်းဟာ အခုနွေရာသီအပြောင်းအရွှေ့ကာလမှာ ကင်မစ်ရှ်ကို ရောင်းချသွားဖွယ်ရှိနေပါတယ်။

■ စပါးအသင်းဟာ အာဂျင်တီးနားလက်ရွေးစင်နောက်ခံလူ ရိုမဲရိုးကို အခုနွေရာသီအပြောင်းအရွှေ့ကာလမှာ ရီးရဲလ်မက်ဒရစ်အသင်း ဒါမှမဟုတ် ဘယ်အသင်းကိုမှ ထွက်ခွာခွင့်ပြုဖို့ ရည်ရွယ်ထားခြင်းမရှိဘူးလို့ သိရပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ ခံစစ်ပိုင်းကို အားဖြည့်ဖို့အတွက် ရိုမဲရိုးကို စိတ်ဝင်စားနေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *