၂၇.၄.၂၀၂၄ အတွက် သတင်းအတိုအထွာများစုစည်းမှု

0

ချယ်လ်ဆီးအသင်းဟာ နယူးကာဆယ်အသင်းတိုက်စစ်မှူး အစ်ဆက်ကို ခေါ်ယူဖို့ မေးမြန်းမှုတွေပြုလုပ်ခဲ့ပေမယ့် သူ့ကိုခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေးပေါင်(၁၁၅)သန်းပေးချေရဖွယ်ရှိနေပါတယ်။ နယူးကာဆယ်အသင်းဟာ တိုက်စစ်မှူး အစ်ဆက်ကို မရောင်းချချင်ဘူးလို့သိရပါတယ်။

ဆော်ဒီပရိုလိဂ်ချန်ပီယံ အယ်လ်ဟီလယ်အသင်းဟာ မန်ယူနိုက်တက်အသင်းကြယ်ပွင့် ဂါနာချိုကို ခေါ်ယူဖို့ အံ့အားသင့်ဖွယ်စဉ်းစားနေပါတယ်။ ပြီးခဲ့တဲ့ရာသီက မန်ယူနိုက်တက်အသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့တဲ့ ဂါနာချိုရဲ့စာချုပ်ဟာ ၂၀၂၈ အထိရှိနေတာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းမှာ (၂၃)နှစ်ကြာကစားပြီးထွက်ခွာခဲ့တဲ့ စပိန်နောက်ခံလူ နာချိုဟာ ဆော်ဒီပရိုလိဂ်တန်းတက်ကလပ် Al-Qadsiah အသင်းထံ ပြောင်းရွှေ့ခဲ့ပါတယ်။ နာချိုဟာ Al-Qadsiah အသင်းနဲ့(၂)နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး ကျောနံပတ်(၆)ဝတ်ဆင်သွားမှာဖြစ်ပါတယ်။

မာဆေးလ်အသင်းဟာ မန်ယူနိုက်တက်အသင်းတိုက်စစ်မှူး ဂရင်းဝုဒ်နဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ အခုနွေရာသီအပြောင်းအရွှေ့ကာလမှာ မန်ယူနိုက်တက်အသင်းကနေ ထွက်ခွာမယ့် ဂရင်းဝုဒ် ခေါ်ယူဖို့ အသင်းအများအပြားက ကြိုးပမ်းနေကြတာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ဖူလ်ဟမ်အသင်းကွင်းလယ်လူ ပယ်ဟင်ညာကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းမှုကို စိတ်ပျက်လာတာကြောင့် အဲဗာတန်အသင်းကွင်းလယ်လူ အမာဒူအိုနာနာကို ခေါ်ယူဖို့ ပစ်မှတ်ထားလာပါတယ်။ အမာဒူအိုနာနာဟာ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလကတည်းက အသင်းကြီးအချို့ရဲ့စိတ်ဝင်စားခြင်းကို ခံနေရတာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ မန်စီးတီးအသင်းတိုက်စစ်မှူး အယ်လ်ဗားရက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ အယ်လ်ဗားရက်ဇ်ဟာ အခုနွေရာသီအပြောင်းအရွှေ့ကာလမှာ အသင်းကြီးအချို့ရဲ့ပစ်မှတ်ဖြစ်နေပေမယ့် မန်စီးတီးအသင်းမှာပဲ ဆက်ရှိဖွယ်ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *