ယူရိုပြိုင်ပွဲတစ်လျှောက် အမြန်ဆုံး Own Goal အဖြစ်စံချိန်တင်ခဲ့တဲ့ မယ်လန်ရဲ့ ဂိုး

0

မနေ့က ကစားခဲ့တဲ့နယ်သာလန်(၂-၃)သြစတြီးယားပွဲမှာ ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တဲ့ နယ်သာလန်တောင်ပံတိုက်စစ်ကစားသမား မယ်လန်ရဲ့ Own Goal ဟာ ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် အမြန်ဆုံး Own Goal အဖြစ် စံချိန်တင်ခဲ့ပါတယ်။

ပွဲချိန်(၆)မိနစ်ကတည်းက ကိုယ့်ဂိုးထဲကို ကန်သွင်းမိခဲ့တဲ့ ဒီ Own Goal ဟာ ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် နယ်သာလန်အသင်းရဲ့ပထမဆုံး Own Goal လည်းဖြစ်ခဲ့ပါတယ်။

နယ်သာလန်အသင်းဟာ ယူရိုပြိုင်ပွဲမှာ ယှဉ်ပြိုင်ခဲ့တဲ့အကြိမ်တိုင်း မိမိဂိုးကိုပြန်သွင်းမိတာ တစ်ကြိမ်တစ်ခါမှ မရှိခဲ့တာကို မယ်လန်က အဆုံးသတ်ခဲ့တာပါ။

ယူရိုပြိုင်ပွဲမှာ အရင်က အမြန်ဆုံး Own Goal စံချိန်တင်ထားခဲ့တာ ဆွစ်ဇာလန်ကစားသမား ဇက်ကာရီယာဖြစ်ပြီး ပြီးခဲ့တဲ့ ယူရို-၂၀၂၀ ပြိုင်ပွဲတုန်းက ဆွစ်ဇာလန်(၁-၁)စပိန်ပွဲမှာ ပွဲချိန်(၈)မိနစ်မှာကတည်းက သွင်းယူခဲ့တာပါ။

အခုမယ်လန်က ဇက်ကာရီယာရဲ့စံချိန်ကို (၂)မိနစ်အသာနဲ့ အမြန်ဆုံးစံချိန်ရိုက်ချိုးခဲ့တာဖြစ်ပြီး ဒီဂိုးအပါအဝင် ယူရို-၂၀၂၄ ပြိုင်ပွဲမှာ Own Goal အရေအတွက် (၇)ဂိုးအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။

ယူရိုပြိုင်ပွဲမှာ ပြိုင်ပွဲတစ်ခုအတွင်း Own Goal အများဆုံးအဖြစ် စံချိန်တင်ခဲ့တဲ့ ပြိုင်ပွဲက ပြီးခဲ့တဲ့ ယူရို(၂၀၂၀)ဖြစ်ပြီး ပြိုင်ပွဲတစ်ခုလုံး (၁၁)ဂိုးအထိရှိခဲ့တာပါ။

အခုယူရိုပြိုင်ပွဲမှာ ပွဲစဉ်(၃၂)ပွဲကစားပြီးချိန်မှာပဲ Own Goal (၇)ဂိုးရှိနေပြီး ပြိုင်ပွဲပြီးဆုံးချိန်မှာ အရင်စံချိန်အရေအတွက်ကို လိုက်မီမလား … ကျော်ဖြတ်နိုင်မလား စောင့်ကြည့်ရမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *