၃၀.၆.၂၀၂၄ ရဲ့ သတင်းအတိုအထွာများ စုစည်းမှု

0

■ မာဆေးလ်အသင်းဟာ ဘရိုက်တန်အသင်းနည်းပြဟောင်း ဒီဇာဘီကို နည်းပြသစ်အဖြစ် ခန့်အပ်ကြောင်း ကြေညာခဲ့ပါတယ်။ ဘရိုက်တန်အသင်းကို သမိုင်းတစ်လျှောက်ပထမဆုံးအကြိမ် ဥရောပပြိုင်ပွဲယှဉ်ပြိုင်ခွင့်ရရှိအောင် ကိုင်တွယ်ပေးနိုင်ခဲ့တဲ့ ဒီဇာဘီဟာ မာဆေးလ်အသင်းနဲ့ (၃)နှစ်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

■ နယ်သာလန်အသင်းတိုက်စစ်ကစားသမား ဒီပိုင်းဟာ ကလပ်ကနေ အလွတ်နဲ့ ထွက်ခွာပြီလို့ အက်သလက်တီကိုမက်ဒရစ်အသင်းက တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။ ဒီပိုင်းဟာ လက်ရှိအချိန်မှာ နယ်သာလန်အသင်းနဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲယှဉ်ပြိုင်နေတာဖြစ်လို့ ပြိုင်ပွဲအပြီးမှ အသင်းသစ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်မှာဖြစ်ပါတယ်။

■ မန်ယူနိုက်တက်အသင်းဟာ နယ်သာလန်နောက်ခံလူ ဒီလစ်ကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေစတင်နေပြီလို့ သိရပါတယ်။ ဒီလစ်ဟာ နွေရာသီအပြောင်းအရွှေ့ကာလမှာ ဘိုင်ယန်မြူးနစ်အသင်းက ထွက်ခွာဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

■ ခရစ္စတယ်ပဲလေ့စ်အသင်းဟာ အာဆင်နယ်အသင်းကနေ ပေါင်(၂၅)သန်းနဲ့ ထွက်ခွာနိုင်တဲ့ ကွင်းလယ်ကစားသမား စမစ်ရိုးလ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ စမစ်ရိုးလ်ဟာ အာဆင်နယ်အသင်းမှာ ပွဲကစားခွင့်ရဖို့ ရုန်းကန်နေရပေမယ့် ကလပ်မှာပဲ ဆက်ရှိချင်နေတာဖြစ်ပါတယ်။

■ မန်ယူနိုက်တက်အသင်းနောက်ခံလူဟောင်း ဗာရန်းဟာ စီးရီးအေတန်းတက်ကလပ် ကိုမိုအသင်းထံ ပြောင်းရွှေ့ဖို့အတွက် ဆွေးနွေးမှုတွေပြုလုပ်ဖို့ အီတလီကို ရောက်ရှိနေပါတယ်။ ဗာရန်းကို ခေါ်ယူဖို့ အင်တာမိုင်ယာမီအသင်းအပါအဝင် အသင်းအချို့က ချိတ်ဆက်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။

■ အီတလီအသင်းနည်းပြ စပယ်လက်တီဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ နိုင်ငံအသင်းနည်းပြအဖြစ်ဆက်ရှိမယ်လို့ အတည်ပြုခဲ့ပါတယ်။ အီတလီအသင်းဟာ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ Round of 16 က ထွက်ခွာခဲ့ရပေမယ့် အီတလီဘောလုံးအဖွဲ့ချုပ်က စပယ်လက်တီကို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ဆက်ကိုင်တွယ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *