၄.၇.၂၀၂၄ ရဲ့သတင်းအတိုအထွာများ စုစည်းမှု

0

■ ဘိုလော့ဂ်နာအသင်းဟာ နောက်ခံလူ ကာလာဖီအိုရီအတွက် အနိမ့်ဆုံးပြောင်းရွှေ့ကြေးယူရိုသန်း(၅၀)လိုချင်တာကြောင့် အာဆင်နယ်အသင်းက ယူရို(၄၇)သန်းနဲ့ ကမ်းလှမ်းမှုပြုလုပ်တာကို ပယ်ချခဲ့ပါတယ်။ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ အီတလီအသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့တဲ့ ကာလာဖီအိုရီကိုခေါ်ယူဖို့ ချယ်လ်ဆီးအသင်းကလည်း စိတ်ဝင်စားနေတာဖြစ်ပါတယ်။

■ ဖလာမင်ဂိုအသင်းဟာ ဘရာဇီးလ်အသင်းကွင်းလယ်လူ ပါကယ်တာကိုခေါ်ယူဖို့အတွက် အင်္ဂလန်မှာ ဝက်စ်ဟမ်းအသင်းနဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးဖို့ရှိနေပါတယ်။ ဖလာမင်ဂိုအသင်းဟာ ပါကယ်တာကို အငှားနဲ့ခေါ်ယူချင်ပေမယ့် အပြီးသတ်အပြောင်းအရွှေ့က ဖြစ်နိုင်ဖွယ်ပိုပြီးများတယ်လို့ ဖာဘရီဇီယိုရိုမန်နိုက ဖော်ပြထားပါတယ်။

■ အယ်လ်နာဆာအသင်းဟာ ဘရာဇီးလ်ဂိုးသမား အီဒါဆန်ကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုရရှိသွားပြီလို့သိရပါတယ်။ အဲ့ဒါကြောင့် အယ်လ်နာဆာအသင်းဟာ အီဒါဆန်ရဲ့အပြောင်းအရွှေ့အတွက် မန်စီးတီးအသင်းနဲ့ဆွေးနွေးမှုတွေပြုလုပ်ဖို့ရှိနေပြီး သတင်းတွေအရ မန်စီးတီးအသင်းဟာ အီဒါဆန်အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း(၄၀)တောင်းဆိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

■ နယူးကာဆယ်အသင်းဟာ မန်ယူနိုက်တက်အသင်းကိုထွက်ခွာသွားတဲ့ အားကစားဒါရိုက်တာ ဒန်အက်ရှ်ဝါ့ရဲ့နေရာမှာ ပေါလ်မစ်ချယ်လ်ကို အားကစားဒါရိုက်တာအသစ်အဖြစ်ခန့်အပ်ခဲ့ပါတယ်။ ပေါလ်မစ်ချယ်လ်ဟာ စပါးအသင်းနဲ့ မိုနာကိုအသင်းတွေမှာ အားကစားဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့ဖူးတာဖြစ်ပါတယ်။

■ ဘရာဇီးလ်တောင်ပံကစားသမား ဝီလီယံဟာ ဖူလ်ဟမ်အသင်းရဲ့စာချုပ်အသစ်ကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။ အသက်(၃၅)နှစ်အရွယ်ရှိ ဝီလီယံကို ခေါ်ယူဖို့ ဆော်ဒီနဲ့ တူရကီကလပ်အသင်းတွေက စိတ်ဝင်စားနေတာဖြစ်ပါတယ်။

■ မန်ယူနိုက်တက်အသင်းဟာ စပါးအသင်းနောက်ခံလူ ရယ်ဂီလွန်ကို ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ရယ်ဂီလွန်ဟာ ပြီးခဲ့တဲ့ရာသီရဲ့ပထမရာသီဝက်မှာ မန်ယူနိုက်တက်အသင်းထံ အငှားနဲ့လာရောက်ကစားခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *