ဘယ်ပြိုင်ပွဲမှာမှ မရှိတဲ့ ပွဲချိန်တစ်မိနစ်မတိုင်ခင် သွင်းတဲ့ အမြန်ဆုံးဂိုး(၂)ဂိုး တွေ့ရတဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲ

0

မနေ့က ကစားခဲ့တဲ့ ယူရို-၂၀၂၄ Round of 16 အဆင့်ပွဲစဉ် သြစတြီးယား(၁-၂)တူရကီပွဲမှာ တူရကီနောက်ခံလူ ဒီမီရယ်သွင်းယူခဲ့တဲ့ အဖွင့်ဂိုးက ပွဲစပြီးမကြာခင် (၅၇)စက္ကန့်မှာ သွင်းယူခဲ့တာပါ။

ယူရို-၂၀၂၄ ပြိုင်ပွဲဟာ အရင်
ဘယ်ပြိုင်ပွဲမှာမှ မရှိခဲ့တဲ့ ပွဲစပြီးပြီးချင်း ပွဲချိန်(၁)မိနစ်မပြည့်မီ စက္ကန့်ပိုင်းအတွင်းသွင်းယူတဲ့ အမြန်ဆုံးဂိုး(၂)ဂိုးကို တွေ့ရတဲ့ ပထမဆုံးယူရိုပြိုင်ပွဲအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။

ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက်လုံးမှာ လက်ရှိယူရို-၂၀၂၄ ပြိုင်ပွဲမတိုင်မီက အမြန်ဆုံးဂိုးတွေဟာ အနည်းဆုံးပွဲချိန်တစ်မိနစ်ကျော်မှသာ သွင်းယူနိုင်ခဲ့တာပါ။

ဒီပြိုင်ပွဲရဲ့အုပ်စုအဆင့် အီတလီ(၂-၁)အယ်လ်ဘေးနီးယားပွဲမှာ အယ်လ်ဘေးနီးယားကွင်းလယ်လူဘရာမီ သွင်းယူခဲ့တဲ့ဂိုးက ပွဲစပြီး(၂၃)စက္ကန့်မှာ သွင်းယူခဲ့တာဖြစ်ပြီး ဒီဂိုးဟာ နှစ်ပေါင်း(၆၄)နှစ်သက်တမ်းရှိနေပြီဖြစ်တဲ့ ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက်လုံးမှာ အမြန်ဆုံးဂိုးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

အခု နောက်ထပ် ပွဲချိန်တစ်မိနစ်မပြည့်မီ သွင်းယူတဲ့ဂိုးကို ပရိသတ်တွေ ဒီပြိုင်ပွဲအတွင်းမှာပဲ ထူးထူးခြားခြားတွေ့ခဲ့ရတာပါ။

ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် အမြန်ဆုံးဂိုး(၆)ဂိုးမှာ ယူရို(၂၀၂၄)ပြိုင်ပွဲက (၄)ဂိုးအထိ ပါဝင်နေပါတယ်။

ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက်

အမြန်ဆုံးဂိုး(၆)ဂိုး

■ ဘရာမီ (အီတလီ/ ၂၃ စက္ကန့်) ယူရို – ၂၀၂၄
(အီတလီ ၂-၁ အယ်လ်ဘေးနီးယား)

■ ဒီမီရယ် (တူရကီ/ ၅၇ စက္ကန့်) ယူရို – ၂၀၂၄
(သြစတြီးယား ၁-၂ တူရကီ)

■ ကီရီချန်ကို (ရုရှား/ ၁း၀၇ မိနစ်) ယူရို – ၂၀၀၄
(ရုရှား ၂-၁ ဂရိ)

■ တိုင်လေမန် (ဘယ်လ်ဂျီယံ/ ၁း၁၃ မိနစ်) ယူရို – ၂၀၂၄
(ဘယ်လ်ဂျီယံ ၂-၀ ရိုမေးနီးယား)

■ ဖော်စ်ဘတ် (ဆွီဒင်/ ၁း၂၂ မိနစ်) ယူရို – ၂၀၂၀
(ဆွီဒင် ၃-၂ ပိုလန်)

■ ကဗာရာစခယ်လီယာ (ဂျော်ဂျီယာ/၁း၃၂ မိနစ်) ယူရို – ၂၀၂၄
(ဂျော်ဂျီယာ ၂-၀ ပေါ်တူဂီ)

Leave a Reply

Your email address will not be published. Required fields are marked *