ကိုပါအမေရိကပြိုင်ပွဲ သမိုင်းတစ်လျှောက် အုပ်စုကထွက်ခဲ့ရတဲ့ ပထမဆုံးအိမ်ရှင် အမေရိကန်အသင်း

0

ဒီနှစ်ကိုပါအမေရိကပြိုင်ပွဲရဲ့အိမ်ရှင်အသင်းဖြစ်တဲ့အမေရိကန်အသင်းက ပြိုင်ပွဲသမိုင်းတစ်လျှောက်မှာ အုပ်စုကထွက်ရတဲ့ ပထမဆုံးအိမ်ရှင်အသင်းဖြစ်လာပါတယ်။

ဒီနေ့မနက်ကစားခဲ့တဲ့ အုပ်စုနောက်ဆုံးပွဲမှာ ဥရုဂွေးအသင်းကို (ဝ-၁)ဂိုးနဲ့အရေးနိမ့်ခဲ့ပြီးနောက် အမေရိကန်အသင်းအနေနဲ့ (၁)ပွဲနိုင်၊ (၂)ပွဲရှုံးရမှတ်(၃)မှတ်သာရခဲ့တာကြောင့် အုပ်စုတတိယနေရာသာရပြီး ပြိုင်ပွဲက ထွက်ခဲ့ရတာပါ။

အိမ်ရှင်အမေရိကန်အသင်းအနေနဲ့ အုပ်စုအဖွင့်မှာ ဘိုလစ်ဗီးယားအသင်းကို (၂-ဝ)ဂိုးနဲ့အနိုင်ကစားနိုင်ခဲ့ပေမယ့် အုပ်စုဒုတိယပွဲမှာ ပနားမားကို မမျှော်လင့်ဘဲ (၁-၂)ဂိုးနဲ့ အရေးနိမ့်ခဲ့တာက ပြိုင်ပွဲကထွက်ရဖို့ ဖြစ်လာခဲ့တာပါ။

ကိုပါအမေရိကပြိုင်ပွဲသမိုင်းတစ်လျှောက် အုပ်စုကနေ နောက်တစ်ဆင့်ကို တက်ရောက်တဲ့စနစ်နဲ့ ကျင်းပတဲ့ပြိုင်ပွဲတိုင်းမှာ အိမ်ရှင်အသင်းတွေအနေနဲ့ အနိမ့်ဆုံးအုပ်စုအဆင့်ကို ကျော်လွန်နိုင်ခဲ့ပေမယ့် ဒီနှစ်အိမ်ရှင် အမေရိကန်အသင်းက ဒီအဆင့်နဲ့ပဲကျေနပ်ခဲ့ရတာပါ။

တောင်အမေရိကချန်ပီယံရှစ်ပြိုင်ပွဲဖြစ်တဲ့ ကိုပါအမေရိကပြိုင်ပွဲကို အမေရိကန်က အိမ်ရှင်အဖြစ် (၂)ကြိမ်ကျင်းပဖူးပြီး ပထမတစ်ကြိမ်ဖြစ်တဲ့ (၂၀၁၆)ပြိုင်ပွဲတုန်းက ဆီမီးဖိုင်နယ်အထိ တက်ရောက်ခဲ့ပြီး စတုတ္ထနေရာရရှိခဲ့ပါတယ်။

ကိုပါအမေရိကပြိုင်ပွဲအုပ်စုအဆင့်မှာ ဘရာဇီးလ်ပါဝင်တဲ့ အုပ်စု(D)နောက်ဆုံးပွဲတွေ ကစားဖို့သာကျန်ပြီး လက်ရှိမှာ အာဂျင်တီးနား၊ အီကွေဒေါ၊ ဗင်နီဇွဲလား၊ ကနေဒါ၊ ဥရုဂွေး၊ ပနားမားအသင်းတို့က နောက်တစ်ဆင့်ကိုတက်ရောက်ခွင့်ရထားပါတယ်။

ကွာတားဖိုင်နယ်အတွဲအဖက်များ

အာဂျင်တီးနား Vs အီကွေဒေါ
ဗင်နီဇွဲလား Vs ကနေဒါ
ဥရုဂွေး Vs အုပ်စု(D)ဒုတိယ
ပနားမား Vs အုပ်စု(D)ပထမ

Leave a Reply

Your email address will not be published. Required fields are marked *