လွန်ခဲ့တဲ့(၃၃)နှစ်က ဖခင်အောင်ပွဲခံခဲ့တဲ့ကွင်းမှာ ဖခင်လို တစ်ပုံစံတည်း အောင်ပွဲခံခဲ့တဲ့ မီခေးလ်မာရီနို

0

ယူရို-၂၀၂၄ ကွာတားဖိုင်နယ်ပွဲစဉ် စပိန်(၂-၁)ဂျာမနီပွဲမှာ စပိန်အသင်းအတွက် အနိုင်ဂိုးကို အချိန်ပို ပွဲချိန်(၁၁၉)မိနစ်မှာ လှလှပပ ခေါင်းတိုက်သွင်းယူခဲ့သူက ရီးရဲလ်ဆိုစီဒက် ကွင်းလယ်လူ မီခေးလ်မာရီနိုဖြစ်ပါတယ်။

ဘယ်တောင်ပံကနေ အသင်းဖော်အော်လ်မို ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို မာရီနိုက ဂိုးရှေ့ကနေခေါင်းတိုက်ပြီး စပိန်အသင်းကို ဆီမီးဖိုင်နယ်ဆီပို့ဆောင်ပေးခဲ့တာပါ။

ဂိုးသွင်းပြီးနောက် မာရီနိုက အလံတိုင်ထောင့်ကို ပြေးသွားပြီး အလံတိုင်ကိုပတ်ကာ ခေါင်းမော့ကြုံးဝါးပြီး အောင်ပွဲခံခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *