တူရကီဘောလုံးလောကမှာ အအောင်မြင်ဆုံး (၃) သင်းကို (၃)နှစ်အတွင်းပြောင်းရွှေ့ခဲ့တဲ့ ဘတ်ရှုအာယီ

0

ဘယ်လ်ဂျီယံတိုက်စစ်မှူးဘတ်ရှုအာယီဟာ တူရကီဘောလုံးလောကမှာ မှတ်တမ်းတင်လောက်တဲ့ ထူးခြားတဲ့အပြောင်းအရွှေ့တွေကို (၃)နှစ်အတွင်းပြုလုပ်ခဲ့ပါတယ်။

မာဆေးလ်၊ ချယ်လ်ဆီး၊ ဒေါ့မွန်၊ ဗလင်စီယာ၊ ခရစ္စတယ်ပဲလေ့စ်အသင်းတွေမှာ ကစားခဲ့တဲ့ ဘတ်ရှုအာယီဟာ တူရကီဘောလုံးလောကရဲ့အအောင်မြင်ဆုံးကလပ်အသင်း(၃)သင်းကို တစ်သင်းပြီးတစ်သင်းပြောင်းရွှေ့ခဲ့တာပါ။

တူရကီစူပါလိဂ်ပြိုင်ပွဲမှာ အသင်း(၃)သင်းက အဓိကလွှမ်းမိုးထားပြီး ဒီအသင်းတွေက ချန်ပီယံဆု(၂၄)ကြိမ်ဆွတ်ခူးထားတဲ့ ဂါလာတာစာရေးအသင်း၊ ချန်ပီယံဆု(၁၉)ကြိမ်ဆွတ်ခူးထားတဲ့ ဖီနာဘာချီအသင်းနဲ့ ချန်ပီယံဆု(၁၆)ကြိမ်ဆွတ်ခူးထားတဲ့ ဘက်ဆစ်တပ်စ်အသင်းတို့ ဖြစ်ပါတယ်။

၂၀၁၀ ခုနှစ်နောက်ပိုင်း (၁၄)နှစ်အတွင်း ဘာရှက်ရှီဟာ(၂၀၂၀)နဲ့ ထရာဇွန်စပေါ်(၂၀၂၂)တို့ (၂)ကြိမ်ဗိုလ်စွဲတာကလွဲလို့ ကျန်နှစ်တွေမှာ ဒီအသင်း(၃)သင်းကပဲ ချန်ပီယံဆုကို ရယူခဲ့တာဖြစ်ပါတယ်။

အခု ဒီပြိုင်ဘက်(၃)သင်းကို ဘတ်ရှုအာယီက အချိန်တိုအတွင်းတစ်သင်းပြီး တစ်သင်းပြောင်းရွှေ့ခဲ့တာလည်းဖြစ်ပါတယ်။

ဘတ်ရှုအာယီအနေနဲ့ ပထမဆုံး ၂၀၂၁ နွေရာသီမှာ ခရစ္စတယ်ပဲလေ့စ်အသင်းကနေ တူရကီစူပါလိဂ်ရဲ့တတိယအအောင်မြင်ဆုံးကလပ် ဘက်ဆစ်တပ်အသင်းကို အငှားရောက်ရှိခဲ့ပါတယ်။

အဲဒီနောက် ၂၀၂၂ နွေရာသီမှာ တူရကီစူပါလိဂ်ရဲ့ဒုတိယအအောင်မြင်ဆုံးကလပ် ဖီနာဘာချီအသင်းကို (၂)နှစ်စာချုပ်နဲ့ အပြီးသတ်ပြောင်းရွှေ့ခဲ့ပါတယ်။ အခု ၂၀၂၄ နွေရာသီမှာ တူရကီစူပါလိဂ်ရဲ့ အအောင်မြင်ဆုံးကလပ် ဂါလာတာစာရေးအသင်းကို (၃)နှစ်စာချုပ်နဲ့ ထပ်မံပြောင်းရွှေ့ခဲ့ပြန်ပါတယ်။

ဒါကြောင့် (၃)နှစ်အတွင်း တူရကီဘောလုံးလောကရဲ့အအောင်မြင်ဆုံးကလပ်အသင်း(၃)သင်းမှာ ကစားဖူးသူအဖြစ် ဘတ်ရှုအာယီက မှတ်တမ်းတစ်ခုရေးထိုးနိုင်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *