ယူရို-၂၀၂၄ ပြိုင်ပွဲမှာ အပြေးအမြန်ဆုံးကစားသမား အဖြစ် ထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ ဘာပေ

0

ယူရို-၂၀၂၄ ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲတွေမကစားမီ ကစားခဲ့တဲ့ ပွဲ(၄၈)ပွဲက မှတ်တမ်းမှတ်ရာတွေအရ ဒီပြိုင်ပွဲမှာ ပြေးနှုန်းအမြန်ဆုံးကစားသမားအဖြစ် ပြင်သစ်တိုက်စစ်မှူးဘာပေက ထိပ်ဆုံးမှာ ဦးဆောင်ခဲ့ပါတယ်။

ဒီပြိုင်ပွဲမှာ ဘာပေရဲ့အမြန်ဆုံးပြေးနှုန်းက တစ်နာရီကို (၃၆.၅)ကီလိုမီတာနှုန်းရှိခဲ့ပြီး ထိပ်ဆုံးမှာ ဦးဆောင်နိုင်ခဲ့တာပါ။ ကွာတားဖိုင်နယ်ပွဲစဉ် ပေါ်တူဂီ(ဝ-၀)ပြင်သစ်ပွဲမှာ ဘာပေပြေးခဲ့တဲ့ တာတိုအပြေးတစ်ခုက ပြိုင်ပွဲမှာ ဘယ်ကစားသမားမှ လိုက်မမီတဲ့စံချိန်ဖြစ်ခဲ့တာပါ။

ဒုတိယနေရာမှာ စပိန်တိုက်စစ်မှူးဖယ်ရန်တောရက်စ်၊ တတိယနေရာမှာ ဆလိုဗေးနီးယားတိုက်စစ်မှူးဆက်ကိုတို့ ရှိနေပါတယ်။

ယူရို(၂၀၂၄)ပြိုင်ပွဲရဲ့ အပြေးအမြန်ဆုံးကစားသမားများ

■ ဘာပေ(ပြင်သစ်) – တစ်နာရီ (၃၆.၅)ကီလိုမီတာ
■ ဖယ်ရန်တောရက်စ်(စပိန်) – တစ်နာရီ (၃၆)ကီလိုမီတာ
■ ဆက်ကို(ဆလိုဗေးနီးယား) – တစ်နာရီ (၃၅.၉)ကီလိုမီတာ
■ ဆာနေး(ဂျာမနီ) – တစ်နာရီ (၃၅.၈)ကီလိုမီတာ
■ မီဟိုင်လာ(ရိုမေးနီးယား) – တစ်နာရီ (၃၅.၈)ကီလိုမီတာ

Leave a Reply

Your email address will not be published. Required fields are marked *