နိုင်ငံတကာဂိုးအများဆုံးကစားသမားစာရင်းမှာ အလီဒါယိုကို ကျော်ဖြတ်ပြီး ဒုတိယနေရာရောက်လာတဲ့ မက်ဆီ

0

၂၀၂၄ ကိုပါအမေရိက ဆီမီးဖိုင်နယ်ပွဲစဉ် အာဂျင်တီးနား(၂-ဝ)ကနေဒါပွဲမှာ အသင်းအတွက် အနိုင်ဂိုးတစ်ဂိုးကို သွင်းယူပေးခဲ့ပြီးနောက် အာဂျင်တီးနားအသင်းခေါင်းဆောင်မက်ဆီရဲ့နိုင်ငံတကာသွင်းဂိုးအရေအတွက်က (၁၀၉)ဂိုးအထိရှိလာပါတယ်။

မက်ဆီအနေနဲ့ နိုင်ငံတကာဂိုးအများဆုံးကစားသမားစာရင်းမှာ အီရန်ဂန္ထဝင်တိုက်စစ်မှူးအလီဒါယီကို ကျော်ဖြတ်ပြီး ပေါ်တူဂီတိုက်စစ်မှူးစီရော်နယ်ဒိုရဲ့နောက် ဒုတိယနေရာကို ရောက်လာပါတယ်။

မက်ဆီနဲ့ အလီဒါယီတို့ဟာ ဒီပွဲမတိုင်ခင် နိုင်ငံတကာဂိုး(၁၀၈)ဂိုးနဲ့ ဒုတိယနေရာမှာ ပူးတွဲရှိနေရာကနေ မက်ဆီက တစ်ဂိုးအသာနဲ့ အလီဒါယီကို ကျော်ဖြတ်နိုင်ခဲ့တာပါ။ နိုင်ငံတကာဂိုးအများဆုံးကစားသမားစာရင်းမှာ စီရေလိုက်မီဖို့အတွက်ာ်နယ်ဒိုက (၁၃၀)ဂိုးနဲ့ ဦးဆောင်နေပါတယ်။

ဒါကြောင့် မက်ဆီအနေနဲ့ စီရော်နယ်ဒိုရဲ့စံချိန်ကို (၂၁)ဂိုးလိုနေသေးပြီး ကစားသမားဘဝမကုန်ဆုံးမီကျော်ဖြတ်ဖို့ကတော့ မလွယ်ကူတဲ့အနေအထားမှာရှိနေပါတယ်။

မက်ဆီနဲ့ အလီဒါယီတို့နောက်မှာ အိန္ဒိယလက်ရွေးစင်တိုက်စစ်မှူုးဟောင်းချက်သရီ (၉၄ ဂိုး)၊ မလေးရှားလက်ရွေးစင်တိုက်စစ်မှူးဟောင်း ဒါဟာရီ(၈၉ ဂိုး)တို့ ရှိနေပါတယ်။

လက်ရှိဘောလုံးလောကမှာ ကစားသူတွေထဲက ထိပ်ဆုံး(၁၀)ဦးစာရင်းဝင်သူတွေက စီရော်နယ်လ်ဒို(၁၃၀ ဂိုး) မက်ဆီ(၁၀၉ ဂိုး)၊ အလီမက်ဘ်ဟော့(၈၅ ဂိုး)၊ လူကာကူ(၈၅ ဂိုး)၊ လီဝန်ဒေါစကီး(၈၃ ဂိုး)၊ နေမာ(၇၉ ဂိုး)တို့ပဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *