အသင်းသမိုင်းတစ်လျှောက် ပွဲဆက်တိုက်အများဆုံးရှုံးပွဲမရှိစံချိန်သစ်ကို ရယူနိုင်ခဲ့တဲ့ ကိုလံဘီယာ

0

ကိုလံဘီယာအသင်းဟာ ၂၀၂၂ ၊ဖေဖော်ဝါရီလက အာဂျင်တီးနားအသင်းကို (ဝ-၁) ဂိုးနဲ့အရေးနိမ့်ခဲ့တဲ့ပွဲအပြီး နိုင်ငံတကာပြိုင်ပွဲတွေမှာ အခုအချိန်အထိ ရှုံးပွဲမရှိအောင် ကစားနိုင်ခဲ့ပါတယ်။

မနက်က ကစားခဲ့တဲ့ ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဥရုဂွေးအသင်းကို(၁-ဝ)ဂိုးနဲ့ အနိုင်ယူခဲ့ပြီးနောက် နိုင်ငံတကာ ပြိုင်ပွဲတွေမှာ ကိုလံဘီယာအသင်း ရှုံးပွဲမရှိတော့တာ (၂၈)ပွဲအထိ ရှိလာခဲ့တာပါ။

ကိုလံဘီယာအသင်းအနေနဲ့ နိုင်ငံတကာပြိုင်ပွဲတွေမှာ ဆက်တိုက်ရှုံးပွဲမရှိတဲ့ အရင်စံချိန်ဟောင်း(၂၇ပွဲ)ကို ကျော်ဖြတ်ရိုက်ချိုးပြီး စံချိန်သစ်တင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

အရင်က ကိုလံဘီယာအသင်းဟာ ၁၉၉၂၊ ဇူလိုင်လကနေ ၁၉၉၄ မတ်လအထိ နိုင်ငံတကာပွဲ(၂၇)ပွဲဆက်တိုက်ကို အရှုံးမရှိ (၁၃ ပွဲနိုင်၊ ၁၄ ပွဲသရေ)ကစားပြီး စံချိန်တင်ထားတာပါ။

ဒီစံချိန်ကို အခု (၂၈)ပွဲဆက်တိုက်အရှုံးမရှိ (၂၃ ပွဲနိုင်၊ ၅ ပွဲသရေ)ကစားပြီး စံချိန်သစ်တင်ခဲ့တာဖြစ်ပါတယ်။ ထူးခြားတိုက်ဆိုင်စွာပဲ ကိုလံဘီယာအသင်းအနေနဲ့ ရှုံးပွဲမရှိစံချိန်သစ်တင်ပြီး နောက်ထပ်ကစားရမယ့်ပွဲက အာဂျင်တီးနားအသင်းနဲ့ ပွဲဖြစ်နေပြီး ကိုပါအမေရိကဗိုလ်လုပွဲလည်းဖြစ်နေပါတယ်။

ဒါကြောင့် သူတို့ကို နောက်ဆုံးအနိုင်ယူသွားတဲ့အသင်းနဲ့ ပြန်ရင်ဆိုင်ရမှာကြောင့် ဒီတစ်ကြိမ်မှာ ရှုံးပွဲမတွေ့အောင် စွမ်းဆောင်နိုင်မလား … ရှုံးပွဲမရှိစံချိန်က (၂၈)ပွဲမှာပဲ အဆုံးသတ်သွားမလားဆိုတာ ကြည့်ရမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *