၁၁.၇.၂၀၂၄ ရဲ့သတင်းအတိုအထွာများ စုစည်းမှု

0

■ အမေရိကန်အသင်းဟာ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ အုပ်စုအဆင့်က ထွက်ခွာခဲ့ရပြီးနောက် နည်းပြဖြစ်သူ ဘာဟယ်တာကို ရာထူးက ထုတ်ပယ်လိုက်ပါတယ်။ အမေရိကန်အသင်းဟာ ဘာဟယ်တာရဲ့နေရာမှာအစားထိုးဖို့အတွက် လီဗာပူးလ်အသင်းနည်းပြဟောင်း ကလော့ပ်ကို ကနဦးဆက်သွယ်မှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

■ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ကိုလံဘီယာအသင်းအတွက် ခြေစွမ်းပြသနေတဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို ခေါ်ယူဖို့ အက်သလက်တီကိုမက်ဒရစ်အသင်းက စိတ်ဝင်စားကြောင်းပြသခဲ့ပါတယ်။ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို ခေါ်ယူဖို့ ဆိုစီဒက်အသင်းကလည်း စိတ်ဝင်စားနေတဲ့အတွက် အက်သလက်တီကိုမက်ဒရစ်အသင်းဟာ အပြောင်းအရွှေ့အတွက် ဆိုစီဒက်အသင်းနဲ့ ယှဉ်ပြိုင်ရဖွယ်ရှိနေတာဖြစ်ပါတယ်။

■ မန်ယူနိုက်တက်အသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းနောက်ခံလူ ဒီလစ်ရဲ့အပြောင်းအရွှေ့ကို အမြန်ဆုံးအပြီးသတ်ချင်နေပြီလို့ သိရပါတယ်။ နယ်သာလန်အသင်းဟာ ယူရို-၂၀၂၄ ပြိုင်ပွဲက ထွက်ခွာခဲ့ရပြီဖြစ်တာကြောင့် မန်ယူနိုက်တက်အသင်းဟာ ဒီလစ်ကို ခေါ်ယူမှုကို အမြန်ဆုံးလုပ်ဆောင်တော့မှာဖြစ်ပါတယ်။

■ အက်စတွန်ဗီလာအသင်းကွင်းလယ်လူ ကော်တင်ညိုဟာ ငယ်ဘဝကလပ် ဗက်စကိုဒဂါးမားအသင်းထံ ရာသီအကုန်ထိ အမာဆေးလ်အသင်းဟာ ပြောင်းရွှေ့ခဲ့ပါတယ်။ ကော်တင်ညိုဟာ ပြီးခဲ့တဲ့ရာသီကလည်း ကာတာကလပ် အယ်လ်ဒူဟေးအသင်းမှာ အငှားနဲ့ သွားရောက်ကစားခဲ့သေးတာဖြစ်ပါတယ်။

■ မာဆေးလ်အသင်းဟာ အပြောင်းအရွှေ့အတွက် မန်ယူနိုက်တက်အသင်းတိုက်စစ်မှူး ဂရင်းဝုဒ်နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုရရှိဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ မန်ယူနိုက်တက်အသင်းနဲ့ မာဆေးလ်အသင်းတို့ဟာ ဂရင်းဝုဒ်ရဲ့အပြောင်းအရွှေ့အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း(၃၀)နဲ့ သဘောတူညီမှုရရှိထားတာဖြစ်ပါတယ်။

■ အိုလီဆီ၊ပယ်လ်ဟင်ညာတို့ကို ခေါ်ယူထားတဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ နယ်သာလန်လက်ရွေးစင်တိုက်စစ်ကစားသမား ဇာဗီဆိုင်မွန်ကို ခေါ်ယူချင်နေတယ်လို့ ဂျာမနီမီဒီယာတွေက ဖော်ပြထားပါတယ်။ ဇာဗီဆိုင်မွန်ကလည်း ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ PSG အသင်းကနေ အငှားနဲ့ ထွက်ခွာဖို့ ဆုံးဖြတ်ထားတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *