၁၄.၇.၂၀၂၄ ရဲ့သတင်းအတိုအထွာများ စုစည်းမှု

0

■ မန်စီးတီးအသင်းဟာ ကိုပါအမေရိကဖလားပြိုင်ပွဲအပြီးမှာ တိုက်စစ်မှူး အယ်လ်ဗာရက်ဇ်ရဲ့အဖွဲ့နဲ့ ထပ်မံဆွေးနွေးမှုတွေပြုလုပ်ဖို့ရှိနေပါတယ်။ အယ်လ်ဗာရက်ဇ်ဟာ ပွဲကစားခွင့်ပိုပြီးရရှိချင်တာကြောင့် မန်စီးတီးအသင်းကနေ ထွက်ခွာဖို့တောင်းဆိုထားပြီး သူ့ကိုခေါ်ယူဖို့ PSG အသင်းအပါအဝင် အသင်းအချို့က စိတ်ဝင်စားနေတာဖြစ်ပါတယ်။

MANCHESTER, ENGLAND – JANUARY 07: Julian Alvarez of Manchester City celebrates scoring his team’s second goal during the Emirates FA Cup Third Round match between Manchester City and Huddersfield Town at Etihad Stadium on January 07, 2024 in Manchester, England. (Photo by Gareth Copley/Getty Images)

■ မန်ယူနိုက်တက်အသင်းဟာ နွေရာသီအပြောင်းအရွှေ့ကာလမှာ ဆွီဒင်နောက်ခံလူ လင်ဒီလော့ဖ်ကို ရောင်းချဖို့ စီစဉ်နေပါတယ်။ ဒါ့အပြင် မန်ယူနိုက်တက်အသင်းဟာ ကလပ်မှာပျော်ရွှင်မှုမရှိတော့တဲ့ ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆင်အတွက် ကမ်းလှမ်းမှုတွေကို နားထောင်သွားဖို့ရှိနေတာဖြစ်ပါတယ်။

■ ပေါ်တူဂီဝါရင့်နောက်ခံလူ ပေပေဟာ ဘရာဇီးလ်ကလပ် ဗက်စဂိုဒဂါးမားအသင်းရဲ့ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။ ပေပေဟာ (၅)နှစ်ကြာကစားခဲ့တဲ့ ပေါ်တိုအသင်းက ထွက်ခွာပြီးနောက် ကလပ်လက်မဲ့ဖြစ်နေပြီး သူ့အနာဂတ်ကို မကြာခင်မှာဆုံးဖြတ်သွားဖို့ရှိနေတာဖြစ်ပါတယ်။

■ အသက်(၃၈)နှစ်အရွယ်ရှိ ဝါရင့်နောက်ခံလူ နာဗက်စ်က ယူရို-၂၀၂၄ ပြိုင်ပွဲဗိုလ်လုပွဲဟာ သူ့ရဲ့စပိန်လက်ရွေးစင်ကစားသမားဘ၀ နောက်ဆုံးပွဲစဉ်ဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။ ၂၀၀၉ ကတည်းက စပိန်အသင်းအတွက် ပါဝင်ခွင့်ရခဲ့တဲ့ နာဗက်စ်ဟာ (၅၆)ပွဲကစားခဲ့ပြီး (၅)ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

■ မန်ယူနိုက်တက်အသင်းနဲ့ စာချုပ်ကုန်ဆုံးပြီးထွက်ခွာခဲ့တဲ့ ပြင်သစ်နောက်ခံလူဟောင်း ဗာရန်းဟာ စီးရီးအေတန်းတက်ကလပ် ကိုမိုအသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိသွားပါတယ်။ ဗာရန်းကို ခေါ်ယူဖို့ အင်တာမိုင်ယာမီအသင်းအပါအဝင် ကလပ်အသင်းအချို့က ချိတ်ဆက်မှုတွေပြုလုပ်ခဲ့ပေမယ့် သူကတော့ ကိုမိုအသင်းထံပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

■ အင်္ဂလန်ချန်ပီယံရှစ်ကလပ် ကာဒစ်ဖ်အသင်းဟာ အက်စတွန်ဗီလာအသင်းက ထွက်ခွာခဲ့တဲ့ နောက်ခံလူ ချိန်ဘာကို(၃)နှစ်စာချုပ်ချုပ်ဆိုကာ ခေါ်ယူခဲ့ပါတယ်။ ချိန်ဘာဟာ အက်စတွန်ဗီလာအသင်းမှာ ပွဲကစားခွင့်ရဖို့ ခက်ခဲခဲ့ပြီး မနှစ်ကရာသီမှာ (၈)ပွဲသာပါဝင်ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *