၁၈.၇.၂၀၂၄ ရဲ့သတင်းအတိုအထွာများ စုစည်းမှု

0

■ ဒေါ့မွန်အသင်းဟာ စတုဂတ်အသင်းတိုက်စစ်မှူး ဂူရာဆေးကို ယူရို(၁၇.၅)သန်းနဲ့ ၂၀၂၈ ဇွန်အထိစာချုပ်ချုပ်ဆိုကာ ခေါ်ယူလိုက်ပါတယ်။ ဂူရာဆေးဟာ ပြီးခဲ့တဲ့ရာသီက ဘွန်ဒစ်လီဂါပြိုင်ပွဲမှာအဆင့်(၂)နေရာရပ်တည်ခဲ့တဲ့ စတုဂတ်အသင်းအတွက် လိဂ်ပြိုင်ပွဲမှာ (၂၈)ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

■ မာဆေးလ်အသင်းတိုက်စစ်မှူး အူဘာမီယန်းဟာ ဆော်ဒီပရိုလိဂ်ကလပ် Al Qadsiah အသင်းနဲ့ ၂၀၂၆ ဇွန်အထိ စာချုပ်ချုပ်ဆိုကာ ပြောင်းရွှေ့ခဲ့ပါတယ်။ အူဘာမီယန်းဟာ Al Qadsiah အသင်းမှာ ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင်ဟောင်း နာချိုနဲ့အတူတွဲပြီးကစားရမှာဖြစ်ပါတယ်။

■ ဂျူဗင်တပ်စ်အသင်းဟာ စာချုပ်ကုန်ဆုံးပြီဖြစ်တဲ့ ပြင်သစ်ကွင်းလယ်လူ ရာဘီယူ ထွက်ခွာပြီလို့ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒါကြောင့် ရာဘီယူကို ခေါ်ယူမယ့်အသင်းတွေဟာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလို့ရမှာဖြစ်ပါတယ်။

■ နော်တင်ဂမ်ဖောရက်စ်အသင်းဟာ ဖီအိုရမ်တီးနားအသင်းဗဟိုနောက်ခံလူ မီလန်ကိုဗစ်ကို ပေါင်(၁၂)သန်းနဲ့ (၅)နှစ်စာချုပ်ချုပ်ဆိုကာ ခေါ်ယူခဲ့ပါတယ်။ မီလန်ကိုဗစ်ဟာ ဖီအိုရမ်တီးနားအသင်းမှာ (၇)ရာသီကြာ ပွဲပေါင်း(၂၆၃)ပွဲပါဝင်ကစားကာ (၁၇)ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

■ အက်သလက်တီကိုမက်ဒရစ်အသင်းဟာ မန်စီးတီးအသင်းတိုက်စစ်မှူး အယ်လ်ဗာရက်ဇ်ကို စပိန်အသင်းခေါင်းဆောင် မိုရာတာရဲ့နေရာမှာ အစားထိုးဖို့ခေါ်ယူချင်နေပါတယ်။ မိုရာတာဟာ အေစီမီလန်အသင်းထံ ပြောင်းရွှေ့တော့မှာဖြစ်ပါတယ်။

■ ရီးရဲလ်မက်ဒရစ်အသင်းဟာ တောင်ပံနောက်ခံလူ လူးကပ်စ်ဗတ်ဇ်ကွက်ဇ်ကို ၂၀၂၅ ဇွန်အထိ (၁)နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့ပါတယ်။ လူးကပ်စ်ဗတ်ဇ်ကွက်ဇ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ ၂၀၁၅ ကတည်းက ကစားနေတာဖြစ်ပြီး အခုအချိန်ထိ ပွဲပေါင်း(၃၄၉)ပွဲပါဝင်ကစားထားပြီး ဆုဖလားအောင်မြင်မှုအများအပြားကို ရယူထားတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *