ရီးးရဲလ်မက်ဒရစ်မှာ ဆက်ရှိနေပြီး ဆုဖလားအများဆုံးရ ကစားသမားအဖြစ် စံချိန်တွေဆက်တင်နေမယ့် မိုဒရစ်

0

ရီးရဲလ်မက်ဒရစ်အသင်းဟာ အသင်းရဲ့ခရိုအေးရှားဝါရင့်ကွင်းလယ်လူ မိုဒရစ်ကို လာမယ့်ရာသီ အသင်းမှာ ဆက်ကစားစေဖို့အတွက် တစ်နှသက်တမ်းရှီ သက်တမ်းတိုးစာချုပ် တစ်ရပ်ချုပ်ဆိုလိုက်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ အသင်းရဲ့ခရိုအေးရှားဝါရင့်ကွင်းလယ်လူ မိုဒရစ်ကို လာမယ့်ရာသီ အသင်းမှာ ဆက်ကစားစေဖို့အတွက် တစ်နှသက်တမ်းရှီ သက်တမ်းတိုးစာချုပ် တစ်ရပ်ချုပ်ဆိုလိုက်ပါတယ်။

မူလက မိုဒရစ်အနေနဲ့ ယူရိုပြိုင်ပွဲမှာ ခရိုအေးရှားအသင်းနဲ့အတူ စောစောစီးစီးပြိုင်ပွဲက ထွက်ခဲ့ရပြီးနောက် အသင်းဖော်ဂျာမန်ကွင်းလယ်လူ တိုနီကရူးစ်လိုမျိုး ယူရိုပြိုင်ပွဲအပြီးမှာ ရီးရဲလ်မက်ဒရစ်အသင်းကို စွန့်ခွာသွားမလားလို့ ပရိသတ်တွေက ထင်မြင်ခဲ့ကြပေမယ့် သူကတော့ အသင်းမှာ ဆက်ကစားဖို့ ဆုံးဖြတ်ခဲ့တာပါ။

မိုဒရစ်ဟာ ၂၀၂၄-၂၅ ရာသီအကုန် ၂၀၂၅ နွေရာသီအထိ ရီးရဲလ်မက်ဒရစ်ကစားသမားအဖြစ် ရှိနေမှာဖြစ်ပြီး ဒီအသင်းမှာ ဆုဖလားအများဆုံးရကစားသမားအဖြစ် တစ်ဦးတည်း လွတ်လွတ်ကျွတ်ကျွတ် မှတ်တမ်းတင်ဖို့ အခွင့်အရေး ရှိလာခဲ့ပါတယ်။

လက်ရှိမှာ မိုဒရစ်နဲ့ စပိန်နောက်ခံလူ နာချိုတို့ဟာ ရီးရဲလ်မက်ဒရစ်အသင်းသမိုင်းတစ်လျှောက်မှာ ဆုဖလားအများဆုံးရသူတွေအဖြစ် (၂၆)လုံးစီနဲ့ ဦးဆောင်နေကြတာပါ။

နာချိုက ဒီနွေရာသီမှာ ရီးရဲလ်အသင်းကထွက်ပြီး ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ကက်ဒ်ဆီယာအသင်းကို ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့် ၂၀၂၄-၂၅ ရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်း ဆုဖလားတွေ ဆွတ်ခူးခဲ့ရင် မိုဒရစ်က အသင်းသမိုင်းတစ်လျှောက် ဆုဖလားအများဆုံးရကစားသမားအဖြစ် တစ်ဦးတည်း လွတ်လွတ်ကျွတ်ကျွတ်ရပ်တည်နိုင်မှာဖြစ်ပါတယ်။

လက်ရှိ ရီးရဲလ်မက်ဒရစ်ကစားသမားတွေထဲမှာ ဆုဖလားအများဆုံးရကစားသမားတွေအဖြစ် မိုဒရစ်နောက်မှာ ကာဗာဟယ်လ်(၂၅ လုံး)က ရပ်တည်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *