အာနိုးလ်ကိုခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ် စိတ်ဝင်စားနေတယ်လို့ သတင်းထွက်ပေါ်

0

ရီးရဲလ်မက်ဒရစ်အသင်းဟာ အခုနွေရာသီအပြောင်းအရွှေ့ကာလမှာ လီဗာပူးလ်အသင်းညာနောက်ခံလူ အာနိုးလ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

ကစားသမားဘဝတစ်လျှောက်လုံး လီဗာပူးလ်အသင်းမှာသာကစားခဲ့တဲ့ အာနိုးလ်ကိုခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်အသင်းဟာ အရင်ကလည်း ချိတ်ဆက်မှုတွေရှိခဲ့ပေမယ့် အပြောင်းအရွှေ့မဖြစ်မြောက်ခဲ့တာပါ။

အာနိုးလ်နဲ့ လီဗာပူးလ်အသင်းတို့ရဲ့စာချုပ်ဟာ နောက်ဆုံးနှစ်ထဲကို ရောက်ရှိပြီဖြစ်တာကြောင့် ရီးရဲလ်မက်ဒရစ်အသင်းဟာ အပြောင်းအရွှေ့ကို ပြန်ပြီးစိတ်ဝင်စားလာခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းပရိသတ်တွေကို အံ့အားသင့်စေခဲ့တာကတော့ အာနိုးလ်ကိုယ်တိုင်က ရီးရဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့ဖို့စိတ်ဝင်စားနေတယ်လို့ သိရတာပါ။

ဂျာမနီသတင်းစာ Bild က အာနိုးလ်ကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့စိတ်ဝင်စားမှုဟာ ခိုင်မာနေပြီး အာနိုးလ်ကိုယ်တိုင်ကလည်း ရီးရဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့ဖို့လမ်းဖွင့်ထားတယ်လို့ ဖော်ပြထားပါတယ်။ လီဗာပူးလ်အသင်းနဲ့ နည်းပြသစ် အာနီစလော့တို့ကတော့ အာနိုးလ်ကို လာမယ့်ရာသီကလပ်မှာ ဆက်ပြီးထိန်းသိမ်းချင်နေတာပါ။ ဒါပေမယ့် အာနိုးလ်သာ လီဗာပူးလ်အသင်းမှာဆက်ရှိပြီး စာချုပ်သစ်အတွက် သဘောတူညီမှုမရရင် လီဗာပူးလ်အသင်းဟာ သူ့ကို အလွတ်နဲ့ ဆုံးရှုံးရမှာဖြစ်ပါတယ်။

လီဗာပူးလ်အကယ်ဒမီထွက် အာနိုးလ်ဟာ ကလပ်အသင်းအတွက် ပွဲပေါင်း(၃၁၀)ပါဝင်ကစားထားပြီး (၁၉)ဂိုးသွင်းယူထားကာ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်ဖလားအပါအဝင် ပြည်တွင်းဖလားတွေကို ရယူထားတာပါ။ အာနိုးလ်ဟာ အင်္ဂလန်အသင်းအတွက်(၂၉)ပွဲပါဝင်ကစားထားပြီး (၃)ဂိုးသွင်းယူထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *