၂၁.၇.၂၀၂၄ ရဲ့သတင်းအတိုအထွာများ စုစည်းမှု

0

■ ဆော်ဒီပရိုလိဂ်ကလပ်အသင်းတွေရဲ့စိတ်ဝင်စားမှုကိုခံနေရတဲ့ နယ်သာလန်အသင်းခေါင်းဆောင် ဗန်ဒိုက်အတွက် လီဗာပူးလ်အသင်းဟာ ပြောင်းရွှေ့ကြေး ယူရို(၅၅)သန်းတောင်းဆိုခဲ့ပါတယ်။ လီဗာပူးလ်နဲ့ ဗန်ဒိုက်တို့ချုပ်ဆိုထားတဲ့ စာချုပ်ဟာ လာမယ့်ရာသီအကုန်မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။

■ အက်သလက်တီကိုမက်ဒရစ်အသင်းဟာ အေစီမီလန်အသင်းထံ ပြောင်းရွှေ့သွားတဲ့ တိုက်စစ်မှူး မိုရာတာရဲ့နေရာမှာအစားထိုးဖို့အတွက် ဒေါ့မွန်အသင်းတိုက်စစ်မှူး ဖူလ်ကုကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။ အက်သလက်တီကိုမက်ဒရစ်အသင်းနည်းပြ ဆီမြွန်နီက ဖူလ်ကုဟာ သူတို့ရဲ့နံပတ်(၉)အသစ်ဖြစ်လာမယ်လို့ ယုံကြည်မှုရှိနေတာဖြစ်ပါတယ်။

■ ဝက်စ်ဟမ်းအသင်းဟာ ပြင်သစ်ကွင်းလယ်လူ ကွန်တေကို ခေါ်ယူဖို့ ပထမဆုံးအကြိမ်ကမ်းလှမ်းမှုကို အယ်လ်အစ်တီဟတ်အသင်းက ပယ်ချခဲ့ပြီးနောက် အေစီမီလန်အသင်းနောက်ခံလူ တိုမိုရီကို ခေါ်ယူဖို့ မျက်စိကျလာခဲ့ပါတယ်။ တိုမိုရီဟာ ၂၀၂၀ က ဝက်စ်ဟမ်းအသင်းထံ အငှားနဲ့ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့သေးတာဖြစ်ပါတယ်။

■ ဘရိုက်တန်အသင်းဟာ ကွင်းလယ်လူ ဂီလ်မောအတွက် နာပိုလီအသင်းရဲ့ပေါင်(၈)သန်းနဲ့ ကမ်းလှမ်းမှုပြုလုပ်ခဲ့တာကို ပယ်ချခဲ့ပါတယ်။ နာပိုလီအသင်းဟာ ဘရိုက်တန်အသင်းနဲ့ ၂၀၂၆ အထိစာချုပ်ရှိနေတဲ့ ဂီလ်မောကို ခေါ်ယူနိုင်ဖို့အတွက် နောက်ထပ်ကမ်းလှမ်းမှုပြုလုပ်ဖို့ရှိနေတာဖြစ်ပါတယ်။

■ မာဆေးလ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားခြင်းခံနေရတဲ့ အင်္ဂလန်တိုက်စစ်မှူး အန်ကီတီယာဟာ အာဆင်နယ်အသင်းက ထွက်ခွာဖို့ အဆင်သင့်ဖြစ်နေပြီလို့ သိရပါတယ်။ အန်ကီတီယာဟာ အာဆင်နယ်အသင်းနဲ့ ၂၀၂၇ အထိစာချုပ်ရှိနေပေမယ့် ပွဲကစားခွင့်ခက်ခဲတာကြောင့် ထွက်ခွာချင်နေတာဖြစ်ပါတယ်။

■ အဲဗာတန်အသင်းဟာ မန်စီးတီးအသင်းကွင်းလယ်လူ ကယ်လ်ဗင်ဖီးလစ်ကို ခေါ်ယူဖို့ ကြိုးစားသွားမယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ကယ်လ်ဗင်ဖီးလစ်ဟာ မန်စီးတီးအသင်းမှာ ပွဲကစားခွင့်ဆုံးရှုံးနေတာကြောင့် အခုနွေရာသီအပြောင်းအရွှေ့ကာလမှာ ထွက်ခွာချင်နေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *