ကာလာဖီအိုရီအတွက် အာဆင်နယ်နဲ့ ဘိုလောဂ့်နာ ပြောင်းရွှေ့ကြေး သဘောတူညီမှုရရှိ

0

အာဆင်နယ်အသင်းဟာ အီတလီလက်ရွေးစင်နောက်ခံလူ ကာလာဖီအိုရီအတွက် ဘိုလော့ဂ်နာအသင်းနဲ့ ပြောင်းရွှေ့ကြေးသဘောတူညီမှုရရှိသွားခဲ့ပါတယ်။

အပြောင်းအရွှေ့ကျွမ်းကျင်သူ ဖာဘရီဇီယိုရိုမန်နိုက အာဆင်နယ်အသင်းဟာ ကာလာဖီအိုရီအတွက် ဘိုလော့ဂ်နာအသင်းကို ပြောင်းရွှေ့ကြေး ယူရိုသန်း(၄၀) + Add-ons ယူရို(၅)သန်းပေးရမှာဖြစ်ပါတယ်။

ကာလာဖီအိုရီဟာ ပြီးခဲ့တဲ့နှစ်ကမှ ဘေဆယ်လ်အသင်းကနေ ဘိုလာ့ဂ်နာအသင်းထံ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အာဆင်နယ်အသင်းထံ အပြောင်းရွှေ့ဖြစ်မြောက်ခဲ့ရင် ဘေဆယ်လ်အသင်းဟာ ပြောင်းရွှေ့ကြေးရဲ့(၅၀)% ကိုရရှိမယ်လို့ သိရပါတယ်။

ဗဟိုနောက်ခံလူအဖြစ်ရော ဘယ်နောက်ခံနေရာမှာပါ ကစားနိုင်တဲ့ ကာလာဖီအိုရီဟာ အီတလီအသင်းအတွက်(၅)ပွဲပါဝင်ကစားထားပြီး (၃)ပွဲက ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။ ကာလာဖီအိုရီဟာ ပွဲပယ်ကြောင့် ဆွစ်ဇာလန်အသင်းကို (၂-ဝ)ဂိုးနဲ့ အီတလီအသင်းအရေးနိမ့်ခဲ့တဲ့ Round of 16 ပွဲစဉ်မှာ မပါဝင်နိုင်ခဲ့ပါဘူး။ ကာလာဖီအိုရီဟာ ပြီးခဲ့တဲ့ရာသီက ဘိုလော့ဂ်နာအသင်းအတွက် (၃၃)ပွဲပါဝင်ကစားခဲ့ပြီး ကလပ်အသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲကို ပထမဆုံးအကြိမ်ယှဉ်ပြိုင်ခွင့်ရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။

ကာလာဖီအိုရီဟာ နောက်တန်းနေရာစုံမှာကစားနိုင်တဲ့သူဖြစ်တာကြောင့် ဒါကို အာဆင်နယ်အသင်းနည်းပြ အာတီတာက နှစ်သက်တာပါ။ အာဆင်နယ်အသင်းဟာ ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ ပြီးခဲ့တဲ့ရာသီက ဘရန်ဖိုဒ့်အသင်းကနေ အငှားနဲ့လာရောက်ကစားခဲ့တဲ့ ဒေးဗစ်ရေယာတစ်ဦးတည်းကိုသာ အပြီးသတ်ခေါ်ယူထားတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *