ပြင်သစ်ကစားသမားတွေ ဦးဆောင်နေတဲ့ ၂၀၂၄ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်

0

၀၂၄-၂၅ ဘောလုံးရာသီသစ်အတွက် ကလပ်အသင်းအသီးသီးက ပြင်ဆင်နေပြီး ခြေစမ်းပွဲတွေ ကစားနေသလို လူအင်အားဖြည့်တင်းမှုတွေလည်း ထုံးစံအတိုင်းပြုလုပ်နေပါတယ်။

ယူရို-၂၀၂၄ ပြိုင်ပွဲနဲ့ ကိုပါအမေရိကပြိုင်ပွဲတွေအပြီး နွေရာသီအပြောင်းအရွှေ့ဈေးကွက်က သွက်သွက်လက်လက်လှုပ်ရှားနေပြီး လက်ရှိမှာ ပြောင်းရွှေ့ကြေးအများဆုံးကစားသမားအဖြစ် မန်ယူနိုက်တက်အသင်းခေါ်ယူခဲ့တဲ့ လန်နီယိုရိုက ထိပ်ဆုံးက ဦးဆောင်နေပါတယ်။

ပြင်သစ်နောက်ခံလူ လန်နီယိုရိုကို ပြင်သစ်ကလပ်လိုင်လီအသင်းကနေ မန်ယူနိုက်တက်အသင်းက ယူရို(၆၂)သန်းနဲ့ ခေါ်ယူခဲ့တာပါ။ အသက်(၁၈)နှစ်အရွယ်သာရှိသေးတဲ့ ယိုရိုရဲ့ပြောင်းရွှေ့ကြေးဟာ အသက်(၁၈)နှစ်နဲ့အောက် လူငယ်ကစားသမားတွေမှာ ကြေးအကြီးဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့သလို ကြေးအကြီးဆုံးဗဟိုနောက်ခံလူစာရင်းမှာလည်း တစ်ဦးအဖြစ်ပါဝင်နိုင်ခဲ့ပါတယ်။

ယိုရိုရဲ့နောက်မှာ ခရစ္စတယ်ပဲလေ့စ်အသင်းကနေ ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့ကြေး ယူရို(၅၃)သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ပြင်သစ်တောင်ပံကစားသမား အိုလီဆီရှိနေပါတယ်။

ယိုရိုနဲ့ အိုလီဆီ ပြင်သစ်ကစားသမားနှစ်ဦးရဲ့နောက်မှာတော ဘရာဇီးလ်ကွင်းလယ်တိုက်စစ်ကစားသမား ဒေါက်ကလပ်စ်လူးဝစ်(ဗီလာမှ ဂျူဗင်တပ်စ်သို့/ ယူရို ၅၁.၅ သန်း)၊ ပေါ်တူဂီကွင်းလယ်လူပယ်လ်ဟင်ညာ(ဖူလ်ဟမ်မှ ဘိုင်ယန်မြူးနစ်/ယူရို သန်း ၅၀)၊ ဘရာဇီးလ်တိုက်စစ်မှူးအန်းဒရစ်(ပါမီးရပ်စ်မှ ရီးရဲလ်မက်ဒရစ်/ယူရို ၄၇.၅ သန်း)တို့ ရှိနေပါတယ်။

ဒါကြောင့် လက်ရှိအနေအထားမှာ ၂၀၂၄ နွေရာသီအပြောင်းအရွှေ့ဈေးကွက်ကို ပြင်သစ်ကစားသမားတွေက ဦးဆောင်နေတယ်လို့ ယေဘုယျအားဖြင့် သုံးသပ်နိုင်ပြီး ဘယ်ကစားသမားတွေက ဒီကစားသမားတွေရဲ့ပြောင်းရွှေ့ကြေးတွေကို ကျော်တက်သွားမလဲဆိုတာ ဆက်ကြည့်ရမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *