၂၅.၇.၂၀၂၄ ရဲ့သတင်းအတိုအထွာများ စုစည်းမှု

0

■ အက်သလက်တီကိုမက်ဒရစ်အသင်းဟာ ချယ်လ်ဆီးအသင်းကွင်းလယ်လူ ဂယ်လက်ဂါကို ခေါ်ယူနိုင်ဖို့အလွန်ယုံကြည်မှုရှိနေတယ်လို့ သိရပါတယ်။ ချယ်လ်ဆီးအသင်းနဲ့ ၂၀၂၅ ဇွန်မှာ စာချုပ်ကုန်ဆုံးမယ့် ဂယ်လက်ဂါကို ခေါ်ယူဖို့ အက်သလက်တီကိုမက်ဒရစ်အသင်းအပါအဝင် အသင်းအချို့က ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

■ ဂျာမနီအသင်းနောက်ခံလူ ရူဒီဂါဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အစ်တီဟတ်အသင်းရဲ့ကြီးမားတဲ့ ကမ်းလှမ်းမှုကို ရရှိထားပေမယ့် ဒီနွေရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းကနေ ထွက်ခွာဖို့ မစဉ်းစားထားဘူးလို့ သိရပါတယ်။ ရူဒီဂါဟာ အနာဂတ်မှာ ဆော်ဒီပရိုလိဂ်ကို ပြောင်းရွှေ့ဖို့စိတ်ဝင်စားပေမယ့် အခုအချိန်မှာတော့ ရီးရဲလ်မက်ဒရစ်အသင်းကိုသာ အပြည့်အဝအာရုံစိုက်နေတာဖြစ်ပါတယ်။

■ ဖီနာဘာချီအသင်းဟာ ဆီဗီလာအသင်းတိုက်စစ်မှူး အန်နက်ဆရီကို ၂၀၂၉ ဇွန်အထိစာချုပ်ချုပ်ဆိုကာ ခေါ်ယူနိုင်ခဲ့ပြီလို့ ကြေညာခဲ့ပါတယ်။ အန်နက်ဆရီဟာ ဆီဗီလာအသင်းမှာ (၅)ရာသီကြာကစားခဲ့ပြီး ယူရိုပါလိဂ်ဖလား(၂)ကြိမ်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

■ ဘာစီလိုနာအသင်းနဲ့ စာချုပ်ကုန်ဆုံးပြီးထွက်ခွာခဲ့တဲ့ ဘယ်နောက်ခံလူ မားကို့စ်အလွန်ဆိုဟာ ဘယ်နောက်ခံလူရှာဖွေနေတဲ့ မန်ယူနိုက်တက်အသင်းရဲ့ပစ်မှတ်ဖြစ်လာခဲ့ပါတယ်။ မန်ယူနိုက်တက်အသင်းဟာ မားကို့စ်အလွန်ဆိုအပြင် ခရစ္စတယ်ပဲလေ့စ်အသင်းက မစ်ချယ်လ်နဲ့ ဖီယင်နုအသင်းက ဟန်ကိုတို့ကိုလည်း ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

■ အယ်လ်အစ်တီဟတ်အသင်းဟာ အက်စတွန်ဗီလာအသင်းတောင်ပံကစားသမား မူဆာဒီယာဘီကို ပေါင်သန်း(၅၀)နဲ့ (၅)နှစ်စာချုပ်ချုပ်ဆိုကာ ခေါ်ယူခဲ့ပါတယ်။ မူဆာဒီယာဘီဟာ အက်စတွန်ဗီလာအသင်းမှာ တစ်ရာသီကြာသာကစားခဲ့ပြီး (၅၄)ပွဲကစားကာ (၁၀)ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

■ အာဆင်နယ်အသင်းနောက်ခံလူ ဘင်ဝှိုက်ဟာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ပြန်လည်ကစားပေးဖို့ စဉ်းစားနေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲအပြီးမှာ အင်္ဂလန်အသင်းနည်းပြရာထူးက ဆောက်ဂိတ်နဲ့ လက်ထောက်နည်းပြ စတိဗ်ဟော်လန်းတို့ထွက်ခွာအပြီးမှာ ဘင်ဝှိုက်ဟာ အင်္ဂလန်အသင်းအတွက် ပြန်လည်ကစားပေးဖို့ စဉ်းစားနေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *