ကားကို မဆင်မခြင်မောင်းနှင်မှုတွေကြောင့် ယာဉ်မောင်းခွင့် (၆)လ ပိတ်ပင်ခံရတဲ့ ရပ်ရှ်ဖို့ဒ်

0

မန်ယူနိုက်တက်အသင်းရဲ့အင်္ဂလန်ဝါရင့်တိုက်စစ်မှူးရပ်ရှ်ဖိုဒ်ဟာ ယာဥ်စည်းကမ်းဖောက်ဖျက်ပြီး ကားကို အကြိမ်ကြိမ် မဆင်မခြင်မောင်းနှင်မှုကြောင့်ယာဉ်မောင်းလိုင်စင်(၆)လ ပိတ်သိမ်းခံရကြောင်း သိရပါတယ်။

၂၀၂၃ ဒီဇင်ဘာလအတွင်းက ရပ်ရှ်ဖိုဒ်ဟာ သူ့ရဲ့Rolls-Royce Cullinan ကားကို M60 လမ်းမပေါ်မှာ သတ်မှတ်ထားတဲ့မိုင်နှုန်းထက် ပိုအရှိန်မြှင့်မောင်းခဲ့တာကြောင့် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

သူ့ရဲ့ ကားနောက်ကို ရဲကားက နောက်ကလိုက်ပြီး ဖမ်းဆီးစစ်ဆေးခဲ့ရာမှာ သူ့ကို အဖြူရောင်ကားတစ်စီးက နောက်ယောင်ခံလိုက်နေတာကြောင့် အမြန်မောင်းခဲ့ခြင်းဖြစ်တယ်လို အကြောင်းပြခဲ့ပါတယ်။

တကယ်တမ်း CCTV တွေကို ပြန်လည်စစ်ဆေးမှုအရ ဘာကားမှ လိုက်မလာဘဲ လိမ်ညာထွက်ဆိုခဲ့တာကို တွေ့ခဲ့ရပါတယ်။ ဒီဖြစ်ရပ်မတိုင်ခင်(၃)လခန့်က ရပ်ရှ်ဖိုဒ်ဟာ သူ့ရဲ့အခြား Rolls-Royce ကားကို အရှိန်မြှင့်မောင်းတာကြောင့် ယာဉ်တိုက်မှုဖြစ်ခဲ့ပါသေးတယ်။

ဆဲလ်ဖို့ဒ်တရားရုံးမှာ ဒီအမှုကို ကြားနာရာမှာ ရပ်ရှ်ဖို့ဒ်ရဲ့ တောင်းဆိုမှုအရ ဗီဒီယိုကတစ်ဆင့် တက်ရောက်ခွင့်ပြုခဲ့ပြီး တရားသူကြီးက ယာဥ်မောင်းလိုင်စင် (၆)လ ပိတ်ပင်ခြင်းအပြင် ဒဏ်ငွေ (၁၆၆၆)ပေါင်၊ တရားစရိတ် ပေါင်(၁၂၀) ပေးဆောင်ဖို့လည်း အမိန့်ချခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *