၂၈.၇.၂၀၂၄ ရဲ့သတင်းအတိုအထွာများ စုစည်းမှု

0

■ ဘီလ်ဘာအိုအသင်းဟာ စပိန်တောင်ပံကစားသမား နီကိုဝီလီယံစ် ကလပ်မှာဆက်နေဖို့ ဆုံးဖြတ်ခဲ့ရင် ပိုမိုမြင့်မားတဲ့ လုပ်ခလစာနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ပြင်ဆင်နေပါတယ်။ နီကိုဝီလီယံစ်ကို ခေါ်ယူဖို့ ဘာစီလိုနာ၊PSG နဲ့ ပရီးမီးယားလိဂ်ကလပ်အသင်းအချို့က ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

■ ချယ်လ်ဆီးအသင်းဟာ ဗီလာရီးရဲလ်အသင်းဂိုးသမား ဂျော်ဂျန်ဆန်နဲ့ ဘိုကာဂျူနီယာအသင်းနောက်ခံလူ အန်ဆယ်လ်မီနိုတို့ကို ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ဂျော်ဂျန်ဆန်ကို (၇)နှစ်စာချုပ်ချုပ်ဆိုမှာဖြစ်ပြီး အန်ဆယ်လ်မီနိုကိုတော့ ဘိုကာဂျုနီယာအသင်းထံ အငှားပြန်ချမှာဖြစ်ပါတယ်။

■ မြောက်အိုင်ယာလန်ဝါရင့်နောက်ခံလူ ဂျွန်နီအီဗန်စ်က မန်ယူနိုက်တက်အသင်းကသာ သူ့ကို (၁)နှစ်စာချုပ်သက်တမ်းမတိုးရင် ဒီနွေရာသီမှာ ကစားသမားဘဝက အနားယူဖွယ်ရှိတယ်လို့ ပြောခဲ့ပါတယ်။ ဂျွန်နီအီဗန်စ်ဟာ ပြီးခဲ့တဲ့ရာသီက မန်ယူနိုက်တက်အသင်းထံ ပြန်ရောက်လာခဲ့တာဖြစ်ပြီး ပွဲပေါင်း(၃၀)ပါဝင်ကစားခဲ့တာဖြစ်ပါတယ်။

■ လီဗာပူးလ်အသင်းဟာ အင်္ဂလန်တောင်ပံကစားသမား အန်တိုနီဂေါ်ဒွန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ နယူးကာဆယ်အသင်းကတော့ ၂၀၂၆ ဇွန်အထိ စာချုပ်ရှိနေတဲ့ အန်တိုနီဂေါ်ဒွန်ကို မရောင်းချချင်ဘဲ ဆက်ပြီးထိန်းသိမ်းချင်နေတာဖြစ်ပါတယ်။

■ လက်စတာအသင်းနဲ့ စာချုပ်ကုန်ဆုံးပြီးနောက် အသင်းလက်မဲ့ဖြစ်နေတဲ့ နိုင်ဂျီးရီးယားတိုက်စစ်မှူး အီဟီနာချိုဟာ ဆီဗီလာအသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိခဲ့ပါတယ်။ လက်စတာအသင်းမှာ (၇)ရာသီကြာကစားခဲ့တဲ့ အီဟီနာချိုဟာ မကြာခင်ရက်ပိုင်းအတွင်းမှာ ဆီဗီလာအသင်းနဲ့ ပူးပေါင်းမှာ ဖြစ်ပါတယ်။

■ ဘရာဇီးလ်ဂိုးသမား အီဒါဆန်က မန်စီးတီးအသင်းမှာ ပျော်ရွှင်နေတယ်လို့ ပြောခဲ့ပေမယ့် သူ့ရဲ့အနာဂတ်ကို အပြည့်အ၀ ဖြေရှင်းလို့မပြီးသေးဘူးလို့ ဝန်ခံခဲ့ပါတယ်။ အီဒါဆန်ကို ခေါ်ယူနိုင်ဖို့ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အစ်တီဟတ်အသင်းက ကြိုးစားနေပေမယ့် မန်စီးတီးအသင်းနဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှုမရရှိသေးတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *