အမျိုးသမီး ကမ္ဘာ့ဖလားချန်ပီယံတွေ အိုလံပစ်မှာ ဆက်တိုက် ဗိုလ်မစွဲတဲ့ အစဉ်အလာကို စပိန်ရိုက်ချိုးနိုင်မလား

0

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကို ၁၉၉၁ ခုနှစ်မှာမှ စတင်ကျင်းပခဲ့ပြီး ချန်ပီယံအသင်းအဖြစ် နော်ဝေ၊ အမေရိကန်၊ ဂျာမနီ၊ ဂျပန်၊ စပိန်အစရှိတဲ့ (၅)သင်းသာထွက်ပေါ်ထားပါတယ်။

နွေရာသီအိုလံပစ်ပြိုင်ပွဲမှာလည်း အမျိုးသမီးဘောလုံးပြိုင်ပွဲကို ၁၉၉၆ အတ္တလန်တာ အိုလံပစ်ပြိုင်ပွဲမှာ စတင်ထည့်သွင်းကျင်းပခဲ့ပြီး ဗိုလ်စွဲဖူးတဲ့အသင်းက(၄)သင်းသာရှိပါတယ်။ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲဖူးတဲ့ အမေရိကန်၊ နော်ဝေ၊ ဂျာမနီတို့နဲ့ ကနေဒါအသင်းဖြစ်ပါတယ်။

ဒါကြောင့် ဒီပြိုင်ပွဲ(၂)ရပ်ပေါင်းမှာ အမျိုးသမီးကမ္ဘာ့ဖလားချန်ပီယံဖြစ်ရင်ဖြစ် (ဒါမှမဟုတ်) အိုလံပစ်ချန်ပီယံဖြစ်ဖူးတာ စုစုပေါင်း(၆)သင်းသာရှိပါတယ်။

အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တဲ့ လက်ရှိချန်ပီယံအသင်းတွေအနေနဲ့ နောက်တစ်နှစ်မှာကျင်းပတဲ့ နွေရာသီအိုလံပစ်ပြိုင်ပွဲမှာဆက်တိုက် ချန်ပီယံမဖြစ်တာကိုတော့ ထူးခြားမှုတစ်ခုအနေနဲ့ တွေ့ရပါတယ်။

တစ်နည်းဆိုရရင်တော့ အခုအချိန်အထိ ဖီဖာအမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ အိုလံပစ်ပြိုင်ပွဲမှာ ဆက်တိုက်ချန်ပီယံဖြစ်တဲ့အသင်းမရှိသေးတာပါ။

၁၉၉၆ အတ္တလန်တာအိုလံပစ်ပြိုင်ပွဲကစပြီး ပြီးခဲ့တဲ့ ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲအထိ အိုလံပစ်ပြိုင်ပွဲ(၇)ကြိမ်မှာ အမျိုးသမီးကမ္ဘာ့ဖလားလက်ရှိချန်ပီယံအသင်းတွေအနေနဲ့ နောက်နှစ်ကျင်းပတဲ့ အိုလံပစ်ချန်ပီယံဆုနဲ့ လွဲချော်ခဲ့တာကို အောက်ပါအတိုင်းတွေ့နိုင်ပါတယ်။

ဒါကြောင့် လက်ရှိအမျိုးသမီးကမ္ဘာ့ဖလားချန်ပီယံစပိန်အသင်းအနေနဲ့ ဒီအစဉ်အလာကို ချိုးဖျက်ပြီး ၂၀၂၄ ပါရီအိုလံပစ်ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်မလားဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။

■ ၁၉၉၅ အမျိုးသမီးကမ္ဘာ့ဖလားချန်ပီယံ(နော်ဝေ)-
၁၉၉၆ အိုလံပစ်ချန်ပီယံ(အမေရိကန်)

■ ၁၉၉၉ အမျိုးသမီးကမ္ဘာ့ဖလားချန်ပီယံ(အမေရိကန်)-
၂၀၀၀ အိုလံပစ်ချန်ပီယံ(နော်ဝေ)

■ ၂၀၀၃ အမျိုးသမီးကမ္ဘာ့ဖလားချန်ပီယံ(ဂျာမနီ)-
၂၀၀၄ အိုလံပစ်ချန်ပီယံ(အမေရိကန်)

■ ၂၀၀၇ အမျိုးသမီးကမ္ဘာ့ဖလားချန်ပီယံ(ဂျာမနီ)-
၂၀၀၈ အိုလံပစ်ချန်ပီယံ(အမေရိကန်)

■ ၂၀၁၁ အမျိုးသမီးကမ္ဘာ့ဖလားချန်ပီယံ(ဂျပန်)-
၂၀၁၂ အိုလံပစ်ချန်ပီယံ(အမေရိကန်)

■ ၂၀၁၅ အမျိုးသမီးကမ္ဘာ့ဖလားချန်ပီယံ(အမေရိကန်)-
၂၀၁၆ အိုလံပစ်ချန်ပီယံ(ဂျာမနီ)

■ ၂၀၁၉ အမျိုးသမီးကမ္ဘာ့ဖလားချန်ပီယံ(အမေရိကန်)-
၂၀၂၀ အိုလံပစ်ချန်ပီယံ(ကနေဒါ)

■ ၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားချန်ပီယံ(စပိန်) –
၂၀၂၄ အိုလံပစ်ချန်ပီယံ – ?

Leave a Reply

Your email address will not be published. Required fields are marked *