အွန်နရီရဲ့ ပြင်သစ်အသင်းဗိုလ်စွဲဖို့ ရေပန်းအစားဆုံးဖြစ်နေတဲ့ အိုလံပစ် အမျိုးသားဘောလုံးပြိုင်ပွဲ

0

၂၀၂၄ ပါရီအိုလံပစ်ပြိုင်ပွဲက ဇူလိုင်(၂၆)ရက်နေ့မှ စတင်မှာ ဖြစ်ပေမယ့် (အမျိုးသားဘောလုံး)ပြိုင်ပွဲက မနေ့ကစပြီး ကျင်းပနေပြီဖြစ်ပါတယ်။

အမျိုးသားဘောလုံးပြိုင်ပွဲမှာ ဘွတ်ကီဒိုင်တွေရဲ့ အလေးပေးချက်အရ ဗိုလ်စွဲဖို့ရေပန်းအစားဆုံးအသင်းက အိမ်ရှင်ပြင်သစ်အိုလံပစ်အသင်းဖြစ်ပါတယ်။

အာဆင်နယ်နဲ့ ပြင်သစ်ဂန္ထဝင်တိုက်စစ်မှူးဟောင်း အွန်နရီကိုင်တွယ်နေတဲ့ ပြင်သစ်အိုလံပစ်အသင်းဟာ ဘွတ်ကီဒိုင်အများစုရဲ့အလေးပေးချက်မှာ (၉/၄)နဲ့ ထိပ်ဆုံးမှာ ရှိနေပါတယ်။

နောက်မှာ စပိန်အိုလံပစ်အသင်း၊ အာဂျင်တီးနားအိုလံပစ်အသင်းတွေရှိနေပြီး ဒီထိပ်သီး(၃)သင်းရဲ့နောက်မှာ မော်ရိုကို၊ အီဂျစ်အစရှိတဲ့ အာဖရိကအသင်းတွေရှိနေပါတယ်။

၂၀၂၄ ပါရီအိုလံပစ်ပြိုင်ပွဲကို လက်ရှိချန်ပီယံ ဘရာဇီးလ် အသင်းခြေစစ်ပွဲမအောင်ခဲ့တာ၊ ဥရောပဇုန်ဝင်ခွင့်အနေနဲ့ ကျင်းပတဲ့ ဥရောပယူ-၂၁ ချန်ပီယံရှစ်ပြိုင်ပွဲမှာ အစ္စရေး၊ ယူကရိန်းတို့က ဆီမီးဖိုင်နယ်အထိတက်ရောက်လာခဲ့တာတွေကြောင့် ဒီပြိုင်ပွဲမှာ အသင်းကြီးအရေအတွက်နည်းပြီး ဘောလုံးထိပ်သီးနိုင်ငံတွေက ပြင်သစ်၊ စပိန်၊ အာဂျင်တီးနားအသင်းတို့လောက်သာ ပါဝင်တာကို တွေ့ရမှာပါ။

မနေ့က စတင်ကျင်းပခဲ့တဲ့ အုပ်စုအဖွင့်ပွဲတွေမှာတော့ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးနဲ့ ဒုတိယရေပန်းအစားဆုံး ပြင်သစ်နဲ့ စပိန်အသင်းတို့ နိုင်ပွဲနဲ့ စတင်တာထွက်နိုင်ခဲ့ပေမယ့် တတိယရေပန်းအစားဆုံး အာဂျင်တီးနားအသင်းကတော့ အငြင်းပွားဖွယ်ဆုံးဖြတ်ချက်တွေနဲ့အတူ မော်ရိုကိုအသင်းကို ရှုံးခဲ့ရပါတယ်။

အိုလံပစ်(အမျိုးသားဘောလုံး)ပြိုင်ပွဲ
ချန်ပီယံအသင်းကို ဘွတ်ကီဒိုင်တွေရဲ့

အလေးပေးချက်များ

■ ပြင်သစ် (၉/၄)
■ စပိန် (၃/၁)
■ အာဂျင်တီးနား (၈/၁)
■ မော်ရိုကို (၁၀/၁)
■ အီဂျစ် (၂၅/၁)
■ USA (၂၅/၁)
■ ယူကရိန်း (၂၈/၁)

Leave a Reply

Your email address will not be published. Required fields are marked *