လိုက်ပ်ဇစ်အသင်းထံက အော်လ်မိုကို ဘာစီလိုနာနဲ့ အပြိုင်ကမ်းလှမ်းခေါ်ယူဖို့ မန်စီးတီးအသင်းစီစဉ်

0

မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ စပိန်အသင်းနဲ့အတူ ချန်ပီယံဆုရယူနိုင်ခဲ့တဲ့ ကွင်းလယ်တိုက်စစ်ကစားသမား အော်လ်မိုကို ဘာစီလိုနာအသင်းနဲ့ အပြိုင်ခေါ်ယူဖို့ လိုက်ပ်ဇစ်အသင်းထံ ကမ်းလှမ်းမှုပြုလုပ်ဖို့ စီစဉ်နေပါတယ်။

ယူရို-၂၀၂၄ မှာ စပိန်အသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့တဲ့ အော်လ်မိုကို ခေါ်ယူဖို့ ဥရောပထိပ်သီးအချို့က စိတ်ဝင်စားနေပြီး သူကလည်း ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ လိုက်ပ်ဇစ်အသင်းကနေ ထွက်ခွာဖွယ်ရှိနေတာပါ။

မန်စီးတီးအသင်းဟာ ဒီအပြောင်းအရွှေ့မှာ ဘရာဇီးလ်တောင်ပံကစားသမား ဆာဗင်ဟိုတစ်ဦးတည်းကိုသာ ခေါ်ယူထားပြီး ဈေးကွက်ထဲမှာ လှုပ်ရှားမှုနည်းပါးနေတာဖြစ်ပါတယ်။ ဒါပေမယ့်
Foot Mercato က မန်စီးတီးအသင်းဟာ အော်လ်မိုကို ခေါ်ယူဖို့ စီစဉ်နေပြီလို့ ဖော်ပြခဲ့ပါတယ်။ ဘာစီလိုနာအသင်းကလည်း ယူရို-၂၀၂၄ အပြီးမှာအော်လ်မိုအပြင် သူ့ရဲ့စပိန်လက်ရွေးစင်အသင်းဖော် နီကိုဝီလီယံစ်ကိုပါ ခေါ်ယူနိုင်ဖို့ကြိုးစားနေတာပါ။

ဒါပေမယ့် လိုက်ပ်ဇစ်အသင်းဟာ အော်လ်မိုအတွက် ဘာစီလိုနာအသင်းရဲ့ကနဦးကမ်းလှမ်းမှုကို ပယ်ချခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့် မန်စီးတီးအသင်းဟာ ဘာစီလိုနာအသင်းကို အနိုင်ယူပြီး အော်လ်မိုကို ခေါ်ယူနိုင်ဖို့အတွက် ကြိုးပမ်းလာခဲ့တာပါ။ အော်လ်မိုဟာ မန်စီးတီးအသင်းမှာ နည်းပြ ဂွါဒီယိုလာလိုချင်တဲ့ ပုံစံနဲ့ ကွက်တိကျတဲ့သူဖြစ်ပါတယ်။

အော်လ်မိုဟာ လက်ရှိအချိန်မှာ အနားယူနေပြီး မန်စီးတီးအသင်းထံ အပြောင်းအရွှေ့ဖြစ်ခဲ့ရင် အမေရိကန်နိုင်ငံကို သွားရောက်ပြီး မန်စီးတီးအသင်းနဲ့ သွားရောက်ပူးပေါင်းဖွယ် ရှိနေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *