၁.၈.၂၀၂၄ ရဲ့သတင်းအတိုအထွာများ စုစည်းမှု

0

■ စပိန်တိုက်စစ်ကစားသမား အော်လ်မိုဟာ ဘာစီလိုနာအသင်းနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုရရှိခဲ့ပြီး ၂၀၃၀ ဇွန်အထိ စာချုပ်ချုပ်ဆိုမယ်လို့ ဖာဘရီဇီယိုရိုမန်နိုက ဖော်ပြထားပါတယ်။ ဘာစီလိုနာအသင်းဟာ အော်လ်မိုအတွက် ယူရို(၅၅)သန်း၊Add-ons တွေနဲ့ လိုက်ပ်ဇစ်အသင်းထံ တရားဝင်ကမ်းလှမ်းမှုပြုလုပ်ထားတာဖြစ်ပါတယ်။

■ ဖူလ်ဟမ်အသင်းဟာ စကော့တလန်ကွင်းလယ်လူ တွမ်မီနေးကို ခေါ်ယူဖို့ မန်ယူနိုက်တက်အသင်းထံ ပေါင်သန်း(၂၀)ကျော်နဲ့ ကမ်းလှမ်းမှုအသစ်ပြုလုပ်ခဲ့ပေမယ့် ပယ်ချခံရဖွယ်ရှိနေပါတယ်။ မန်ယူနိုက်တက်အသင်းဟာ ပေါင်သန်း(၃၀)ရရင် တွမ်မီနေးကို ရောင်းချသွားဖို့ရှိနေတာဖြစ်ပါတယ်။

■ ဘရိုက်တန်အသင်းကွင်းလယ်လူ ပါစကယ်လ်ဂရော့စ်ဟာ ဒေါ့မွန်အသင်းထံ ၂၀၂၆ ဇွန်အထိ စာချုပ်ချုပ်ဆိုကာ ပြောင်းရွှေ့ခဲ့ပါတယ်။ ပါစကယ်လ်ဂရော့စ်ဟာ ဘရိုက်တန်အသင်းမှာ ၂၀၁၇ ကတည်းက ကစားခဲ့ပြီး ပွဲပေါင်း(၂၆၁)ပွဲမှာ (၃၂)ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

■ အင်္ဂလန်အသင်းနည်းပြဟောင်း မက္ကလာရင်ဟာ ဂျမေကာလက်ရွေးစင်အသင်းကို ကိုင်တွယ်ဖို့ မန်ယူနိုက်တက်အသင်းနည်းပြအဖွဲ့ဝင်အဖြစ်ကနေ ထွက်ခွာခဲ့ပါတယ်။ မက္ကလာရင်ဟာ ဂျမေကာဘောလုံးအဖွဲ့ချုပ်နဲ့(၂)နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး ဂျမေကာအသင်းကို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲယှဉ်ပြိုင်ခွင့်ရရှိအောင် ကိုင်တွယ်ပေးရမှာ ဖြစ်ပါတယ်။

■ မာဆေးလ်အသင်းဟာ အင်္ဂလန်တိုက်စစ်မှူး အန်ကီတီယာအတွက် အာဆင်နယ်အသင်းကို ပေါင်(၁၇)သန်းဝန်းကျင်ပေးချေဖို့ ဆန္ဒရှိနေပါတယ်။ လာမယ့်ရက်ပိုင်းအတွင်းမှာ အန်ကီတီယာရဲ့အပြောင်းအရွှေ့အတွက် ကလပ်အသင်းနှစ်သင်းကြားဆွေးနွေးမှုတွေဆက်ပြီးပြုလုပ်သွားဖို့ရှိနေတာဖြစ်ပါတယ်။

■ နော်တင်ဂမ်ဖောရက်စ်အသင်းဟာ ပေါ်တူဂီတောင်ပံကစားသမား ဂျိုတာဆေးလ်ဗားကို ဗစ်တိုးရီးယားအသင်းကနေ ယူရို(၇)သန်းနဲ့ (၄)နှစ်စာချုပ်ချုပ်ဆိုကာ ခေါ်ယူခဲ့ပါတယ်။ ဂျိုတာဆေးလ်ဗားဟာ နည်းပြ ရောဘတ်တိုမာတီနက်ဇ်လက်ထက်မှာ ပေါ်တူဂီအသင်းအတွက်(၂)ပွဲပါဝင်ကစားခွင့်ရရှိထားတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *