ဒီနွေရာသီမှာ ကစားသမားတစ်ဦးမှ မခေါ်ယူရသေးတဲ့ တစ်သင်းတည်းသော ပရီးမီးယားလိဂ်အသင်း လီဗာပူးလ်

0

ပရီးမီးယားလိဂ်ကလပ်အသင်းတွေထဲမှာ ယနေ့အထိ (ဇူလိုင် ၃၀)ရက်နေ့အထိ ကစားသမားတစ်ဦးတစ်ယောက်မှ မခေါ်ယူရသေးတဲ့အသင်းက တစ်သင်းတည်းသာကျန်ရှိပြီး လီဗာပူးလ်အသင်းဖြစ်ပါတယ်။

လာမယ့် ၂၀၂၄-၂၅ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ယှဉ်ပြိုင်ကြမယ့် ကျန်ပရီးမီးယားလိဂ်(၁၉)သင်းအနေနဲ့ ဒီနွေရာသီကာလအတွင်း ကစားသမားသစ်တွေကို အသီးသီးခေါ်ယူထားကြပြီးဖြစ်ပေမယ့် ဒတ်ချ်လူမျိုးနည်းပြအာနီဆလော့ကိုင်တွယ်နေတဲ့ လီဗာပူးလ်အသင်းကတော့ ကစားသမားတစ်ဦးတစ်ယောက်တောင် ခေါ်ယူနိုင်ခြင်းမရှိသေးတာပါ။

လီဗာပူးလ်အသင်းဟာ ဒီနွေရာသီမှာ သီယာဂို၊ မာတစ်၊ အက်ဒရီယန်အစရှိတဲ့ကစားသမားတွေကို လမ်းခွဲခဲ့ပေမယ့် ဒီနွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ လက်နှေးနေတာဖြစ်သလို အသင်းရဲ့အပြောင်းအရွှေ့လုပ်ဆောင်မှုတွေ နှေးကွေးနေတာအတွက်လည်း လီဗာပူးလ်ပရိသတ်တွေက ဆိုရှယ်မီဒီယာမှာ ဝေဖန်နေကြပါတယ်။

ဒါပေမယ့် လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့ဟာ ဒီနွေရာသီအပြောင်းအရွှေ့ကာလအတွင်း အသင်းရဲ့ကစားကွက်နေရာ(၃)နေရာအတွက် ကစားသမားသစ်(၃)ဦးကို ခေါ်ယူဖို့စီစဉ်ထားပြီး ဒီနေရာတွေက ခံစစ်ဗဟို၊ ကွင်းလယ်ဗဟိုနဲ့ တောင်ပံတိုက်စစ်နေရာတွေဖြစ်ကြောင်း The Athletic သတင်းစာက ဖော်ပြခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *