မန်ယူနိုက်တက်အသင်းမှာလေ့ကျင့်ခန်းပြန်ဆင်းနိုင်ခဲ့တဲ့ လင်ဒီလော့ဖ်

0

မန်ယူနိုက်တက်အသင်းမှာ ဒဏ်ရာကြောင့်ကာလရှည်အနားယူနေရတဲ့ ဆွီဒင်လက်ရွေးစင်နောက်ခံလူ လင်ဒီလော့ဖ်ဟာ အသင်းမှာ လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်ကြောင်း သိရပါတယ်။

လင်ဒီလော့ဖ်ဟာ ဒီနွေရာသီ မန်ယူနိုက်တက်အသင်းရဲ့ခြေစမ်းပွဲတွေမှာ တစ်ပွဲမှ မပါဝင်ရသေးပေမယ့် အခု အသင်းနဲ့အတူ အပြည့်အ၀ လေ့ကျင့်နေပြီဖြစ်လို့ လာမယ့်ခြေစမ်းပွဲတွေနဲ့ ရာသီအစပွဲတွေမှာ ပြန်လည်ပါဝင်ကစားနိုင်မှာပါ။

အမေရိကန်ခြေစမ်းခရီးကို အသင်းနဲ့အတူလိုက်ပါလာတဲ့ လင်ဒီလော့ဖ်ဟာ မန်ယူနိုက်တက်အသင်းဖော်တွေနဲ့အတူ လေ့ကျင့်ရေးကွင်းမှာ ပုံမှန်အတိုင်းလေ့ကျင့်နေတာကို တွေ့ခဲ့ရပါတယ်။

လင်ဒီလော့ဖ် ပြန်ကစားနိုင်တာက နောက်ခံလူသစ် ယိုရိုနဲ့ တိုက်စစ်မှူးဟွိုင်လန်းတို့ ဒဏ်ရာရသွားလို့ အနားပေးထားရတဲ့ မန်ယူနိုက်တက်အသင်းအတွက် သတင်းကောင်းဖြစ်ခဲ့ပါတယ်။

အထူးသဖြင့် လိုင်လီအသင်းထံကနေ ပြောင်းရွှေ့ကြေးပေါင် (၅၂)သန်းပေးပြီး ခေါ်ယူခဲ့တဲ့ ပြင်သစ်နောက်ခံလူယိုရို(၁၈ နှစ်)ကို ဒဏ်ရာကြောင့် အသင်းမှာ သတိထားပြီး အသုံးပြုရမယ့်အနေအထားမှာ လင်ဒီလော့ဖ်ပြန်လာနိုင်တာက နည်းပြတန်ဟတ်အတွက် အသက်ရှုချောင်စေခဲ့ပါတယ်။

မန်ယူ(၁-၂)အာဆင်နယ်ခြေစမ်းပွဲမှာ ဒဏ်ရာရသွားတဲ့ ယိုရိုကို ဒဏ်ရာအနေအထားအရ လာမယ့်ပွဲစဉ်တွေမှာ အပြည့်အဝအသုံးမပြုဘဲသတိထားပြီး အသုံးပြုသွားမယ်လို့ တန်ဟတ်ကပြောထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *