အော်နယ်ဒိုလို့ရေးခဲ့မိတာတွက် ခနဲ့တဲ့တဲ့ ပြန်တောင်းပန်ခဲ့တဲ့ ဟာလန်း

0

မန်စီးတီးအသင်းက အမေရိကန်နိုင်ငံမှာ ခြေစမ်းပွဲ (၂) ပွဲကစားပြီးချိန်မှာ တတိယပွဲကစားဖို့ နယူးယောက်မြို့ကနေ ဖလော်ရီဒါပြည်နယ်၊ အော်လန်ဒိုမြို့ကို ခရီးဆက်ရပါတယ်။

အော်လန်ဒိုမှာ ဇူလိုင် (၃၀) ရက်နေ့ကျရင် မန်စီးတီးအသင်းက ဘာစီလိုနာအသင်းနဲ့ ကစားရမှာပါ။

နယူးယောက်ကနေ အော်လန်ဒိုကို လေယာဥ်နဲ့ ထွက်ခွာလာချိန်မှာ မန်စီးတီးတိုက်စစ်မှူးဟာလန်းက သူ့ရဲ့ Instagram Story မှာ “အော်လန်ဒိုသို့”(Ornaldo Next 💪)ဆိုပြီး စာလေးတင်ခဲ့ပါတယ်။ ဖြစ်ချင်တော့ အော်လန်ဒိုကို Orlando လို့ရေးရမယ့်အစား Ornaldo လို့ မှားရေးမိပါတယ်။

ဟာလန်းအနေနဲ့ တမင်တကာမှားရေးတာလား မတော်တဆမှားရေးတာလား ဆိုတာ မသိရပေမယ့် စီရော်နယ်ဒိုရဲ့ ပရိသတ်တွေဆီက ဝေဖန်သံတွေထွက်လာခဲ့ပါတယ်။

စီရော်နယ်လ်ဒိုရဲ့ နာမည်က အရင်ကတည်းကမှ Ronaldo ကို Penaldo ဆိုပြီး ပယ်နယ်တီမကြာခဏရနေတာအတွက် လှောင်ပြောင်ခံနေရတာပါ။ အခု ဟာလန်းက Orlando လို့ရေးလိုက်တာက စီရော်နယ်လ်ဒိုကို လှောင်ပြောင်တယ်လို့ သူ့ပရိသတ်တွေက ယူဆခဲ့ကြတာပါ။

ဒါကြောင့် ဝေဖန်မှုတွေ ထွက်ပေါ်လာပြီးနောက် ဟာလန်းက ပြန်တောင်းပန်ခဲ့ပါတယ်။ ဒါပေမယ့် ဟာလန်းက ခနဲ့တဲ့တဲ့အရေးအသားနဲ့ သူ့တောင်းပန်စာကို ရေးသားခဲ့တာပါ။

“ယနေ့ခေတ် ပြီးပြည့်စုံလွန်းတဲ့ ကမ္ဘာကြီးမှာ စာရိုက်တဲ့အမှားအယွင်းလေးကိုတောင် လက်မခံကြတော့ဘူး။ ပြီးပြည့်စုံလွန်းတဲ့ အစ်ကို၊ အစ်မတွေအားလုံးကို တောင်းပန်ပါတယ်ဗျာ”လို့ ဟာလန်းက ထပ်ပြီးရေးသားခဲ့ပါတယ်။

ဟာလန်းရဲ့ မန်စီးတီးအသင်းဟာ အမေရိကန်ခြေစမ်းခရီးမှာ ဆဲလ်တစ်၊ အေစီမီလန်တို့နဲ့ (၂)ပွဲကစားထားပြီး (၂)ပွဲစလုံး ရှုံးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *