ဘိုင်ယန်မြူးနစ်ရဲ့တောင်ကိုရီးယားခရီးစဉ်မှာချန်လှပ်ခံရပြီးမန်ယူနိုက်တက်ကို ရောက်ဖို့ ပိုမိုနီးစပ်လာတဲ့ ဒီလစ်

0

မန်ယူနိုက်တက်အသင်းခေါ်ယူဖို့ ကြိုးစားနေတဲ့ ဘိုင်ယန်မြူးနစ်နောက်ခံလူ ဒီလစ်ဟာ တောင်ကိုရီးယားခြေစမ်းခရီးထွက်ခွာမယ့် ဘိုင်ယန်မြူးနစ်အသင်းလူစာရင်းကနေ ချန်လှပ်ခံခဲ့ရပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းနည်းပြကွန်ပနီက အာရှကို Audi summer tour ထွက်ခွာမယ့် ဘိုင်ယန်မြူးနစ်လူစာရင်းမှာ ဒီလစ်ကို မထည့်သွင်းဘဲ တမင်ချန်လှပ်ခဲ့တာပါ။ ဒီလိုချန်လှပ်ခဲ့တာက မန်ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့စီစဉ်နေတဲ့ သူ့ရဲ့အပြောင်းအရွှေ့အဖြေသဲသဲကွဲကွဲထွက်ပေါ်အောင် ပြုလုပ်တာလို့ ဂျာမန်သတင်းတွေက ဖော်ပြကြပါတယ်။

မန်ယူနိုက်တက်အသင်းရဲ့ ဒတ်ချ်လူမျိုးနည်းပြတန်ဟတ်ဟာ နယ်သာလန်ကလပ်အိုင်းယက်စ်အသင်းမှာ သူနည်းပြအဖြစ်ကိုင်တွယ်စဉ်က သူ့ရဲ့လက်အောက်မှာ ကစားခဲ့ဖူးတဲ့ ဒီလစ်ကို ခေါ်ယူဖို့ပစ်မှတ်ထားနေပြီး ဘိုင်ယန်မြူးနစ်အသင်းထံ ကမ်းလှမ်းမှုတွေပြုလုပ်နေတာပါ။

မန်ယူနိုက်တက်အသင်းဟာ အစောပိုင်းက ဒီလစ်အတွက် ပေါင်သန်း(၃၀)နဲ့ ကမ်းလှမ်းခဲ့ပြီး ဒီကမ်းလှမ်းမှုကို ဘိုင်ယန်မြူးနစ်အသင်းတာဝန်ရှိသူတွေက ငြင်းဆန်ထားကြောင်း သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ မန်ယူနိုက်တက်အသင်းဟာ ဒီနွေရာသီမှာ လိုင်လီအသင်းထံက ပြင်သစ်နောက်ခံလူ ယိုရိုကို ပေါင်(၅၂)သန်းနဲ့ခေါ်ယူထားပေမယ့် တန်ဟတ်အနေနဲ့ ဒီလစ်ကို ထပ်မံခေါ်ယူဖို့ ဆန္ဒရှိနေဆဲ ဖြစ်ကြောင်း သိရပါတယ်။

ဒါကြောင့် မန်ယူနိုက်တက်အသင်းအနေနဲ့ ဒီလစ်အတွက် ကြေးတိုးမြှင့်ကမ်းလှမ်းဖွယ်ရှိနေပြီး အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုမှာ အဖြေထွက်မလားဆိုတာ ကြည့်ရမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *