၄.၈.၂၀၂၄ ရဲ့သတင်းအတိုအထွာများ စုစည်းမှု

0

■ အီတလီတောင်ပံကစားသမား ချီယေဆား၊ပိုလန်ဂိုးသမား ဆက်ဇနီအပါအဝင် ကစားသမားအချို့ဟာ ဂျုဗင်တပ်စ်အသင်းရဲ့ပရောဂျက်မှာ မပါဝင်တော့ဘူးလို့ သတင်းထွက်ပေါ်နေပါတယ်။ ဂျုဗင်တပ်စ်အသင်းနည်းပြသစ် သီယာဂိုမော့တာက သူ့ရဲ့ပရောဂျက်မှာမပါဝင်တဲ့ ကစားသမားတွေကို ကလပ်အသင်းသစ်ရှာဖွေဖို့ ပြောထားပါတယ်။

2GMNET9 Turin, Italy. 19 September 2021. Wojciech Szczesny (R) of Juventus FC gestures during the Serie A football match between Juventus FC and AC Milan. Credit: Nicolo Campo/Alamy Live News

■ အာဆင်နယ်အသင်းဟာ မန်စီးတီးအသင်းက ထွက်ခွာဖွယ်ရှိနေတဲ့ အာဂျင်တိုက်စစ်မှူး အယ်လ်ဗာရက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် သူ့ကိုခေါ်ယူဖို့အတွက် ကစားသမားတွေကို ရောင်းချရဖို့ရှိနေပါတယ်။ မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာကတော့ အယ်လ်ဗာရက်ဇ်ဟာ သူတို့ရဲ့ကစားသမားဖြစ်ပြီး မကြာခင်ပြန်လာလိမ့်မယ်လို့ဆိုခဲ့ပါတယ်။

■ စပိန်ကွင်းလယ်လူ အော်လ်မိုအတွက် ယူရို(၆၁)သန်းနဲ့ ကမ်းလှမ်းမှုပြုလုပ်ထားတဲ့ ဘာစီလိုနာအသင်းကို ဒီထက်ပိုတိုးပြီးကမ်းလှမ်းဖို့ လိုက်ပ်ဇစ်အသင်းက သတိပေးခဲ့ပါတယ်။ အော်လ်မိုဟာ ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိထားတာဖြစ်ပါတယ်။

■ လီဗာပူးလ်အသင်းဟာ ကွင်းလယ်လူ ကာဗယ်လ်ဟိုကို ခေါ်ယူဖို့ ဆောက်သမ်တန်အသင်းရဲ့ကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။ ကာဗယ်ဗစ်တာရိုကေးဟာာက်သမ်တန်အသင်းရဲ့ပေါင်(၁၅)သန်းနဲ့ ကမ်းလှမ်းမှုဟာ နည်းပါးလွန်းတယ်လို့ လီဗာပူးလ်အသင်းက သတ်မှတ်ပြီး ပယ်ချခဲ့သလို အငှားချဖို့လည်း ဆန္ဒမရှိတာဖြစ်ပါတယ်။

■ ဘာစီလိုနာကြယ်ပွင့် ဗစ်တာရိုကေးဟာ ဆော်ဒီပရိုလိဂ်လက်ရှိချန်ပီယံ အယ်လ်ဟီလယ်အသင်းရဲ့ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပါတယ်။ ဗစ်တာရိုကေးဟာ ဘာစီလိုနာအသင်းမှာ သူ့ရဲ့ခြေစွမ်းကို သက်သေပြချင်တာကြောင့် အယ်လ်ဟီလယ်အသင်းရဲ့ကမ်းလှမ်းမှုကို ဒုတိယအကြိမ်မြောက် ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။

■ ဘိုင်ယန်မြူးနစ်အသင်းဟာ မန်ယူနိုက်တက်အသင်းပစ်မှတ်ဖြစ်တဲ့ နောက်ခံလူ ဒီလစ်အတွက် ပြောင်းရွှေ့ကြေးယူရိုသန်း(၅၀)တောင်းဆိုထားပါတယ်။ မန်ယူနိုက်တက်အသင်းဟာ နောက်ခံလူ ယိုရိုဒဏ်ရာကြောင့်(၃)လကြာအနားယူရမှာဖြစ်လို့ ဒီလစ်ကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *