၈.၈.၂၀၂၄ ရဲ့သတင်းအတိုအထွာများ စုစည်းမှု

0

■ ဝက်စ်ဟမ်းအသင်းဟာ အင်္ဂလန်ညာနောက်ခံလူ ထရစ်ပီယာကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ထရစ်ပီယာဟာ လာမယ့်ရာသီအကုန်ထိသာ စာချုပ်ရှိတော့တဲ့ နယူးကာဆယ်အသင်းအနာဂတ်ကို ဆုံးဖြတ်ရခြင်းမရှိသေးတာဖြစ်ပါတယ်။

■ ခရစ္စတယ်ပဲလေ့စ်အသင်းဟာ အိုင်ဗရီကို့စ်တောင်ပံကစားသမား ဇာဟာကို တတိယအကြိမ်မြောက် ပြန်လည်ခေါ်ယူချင်နေပါတယ်။ ဂါလာတာစာရေးအသင်းဟာ ဇာဟာကို အခြားအသင်းတွေနဲ့ ဆွေးနွေးမှုပြုလုပ်ဖို့ ခွင့်ပြုထားတာဖြစ်ပါတယ်။

■ ပြင်သစ်နောက်ခံလူ ဇူးမားဟာ ရှာဘတ်အယ်လ်အာလီကစားသမားသစ်အဖြစ် ဒီရက်သတ္တပတ်အတွင်း ဆေးစစ်မှုခံယူသွားဖို့ရှိနေပါတယ်။ ဇူးမားဟာ ဒီအပြောင်းအရွှေ့အတွက် သဘောတူညီမှုရရှိထားပြီးဖြစ်လို့ ဝက်စ်ဟမ်းအသင်းကနေ ထွက်ခွာတော့မှာဖြစ်ပါတယ်။

■ အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ဂိုးသမားအိုဘလက်ကို ဆော်ဒီကလပ်အသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။ ဆလိုဗေးနီးယားလက်ရွေးစင်ဂိုးသမားအိုဘလက်နဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်က ၂၀၂၈ ခုနှစ်အတိ သက်တမ်းရှိနေကြောင်း သိရပါတယ်။

■ လီဗာပူးလ်အသင်းကွင်းလယ်လူဟောင်း နာဘီကီတာဟာ ဒီနွေရာသီမှာ ကလပ်ကနေ ထွက်ခွာမယ်လို့ ဝါဒါဘရီမင်အသင်းက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ နာဘီကီတာဟာ ဝါဒါဘရီမင်အသင်းမှာ အဆင်မပြေမှုတွေရှိခဲ့တာကြောင့် အသင်းသစ်ရှာဖွေရတော့မှာ ဖြစ်ပါတယ်။

Will Osula Signs for Newcastle United

■ နယူးကာဆယ်အသင်းဟာ ဒိန်းမတ်တိုက်စစ်မှူး အိုဆူလာကို ရှက်ဖီးယူနိုက်တက်အသင်းကနေ ပေါင်(၁၅)သန်းနဲ့ ခေါ်ယူကြောင်းကြေညာခဲ့ပါတယ်။ အိုဆူလာဟာ ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ နယူးကာဆယ်အသင်းခေါ်ယူခဲ့တဲ့ (၆)ဦးမြောက်ကစားသမားဖြစ်လာခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *