အော်လ်မိုရဲ့အပြောင်းအရွှေ့အတွက် အရေးပါတဲ့အစည်းအဝေး ပြုလုပ်ဖို့ ဒေကို လိုက်ပ်ဇစ် ရောက်ရှိ

0

ဘာစီလိုနာအသင်းဒါရိုက်တာ ဒေကိုဟာ စပိန်ကွင်းလယ်တိုက်စစ်ကစားသမား အော်လ်မိုရဲ့အပြောင်းအရွှေ့အတွက် အရေးပါတဲ့ အစည်းအဝေးပြုလုပ်ဖို့ လိုက်ပ်ဇစ်ကို ရောက်ရှိနေတယ်လို့ အပြောင်းအရွှေ့ကျွမ်းကျင်သူ ဖာဘရီဇီယိုရိုမန်နိုက ဖော်ပြထားပါတယ်။

အော်လ်မိုဟာ ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ ဘာစီလိုနာအသင်းရဲ့အဓိကပစ်မှတ်အဖြစ်ရှိနေတဲ့သူပါ။

ဘာစီလိုနာအသင်းဟာ အော်လ်မိုကို (၆)နှစ်စာချုပ်နဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့တယ်လို့ ပြီးခဲ့တဲ့အပတ်က သတင်းတွေထွက်ပေါ်ခဲ့ပြီး အခုအချိန်မှာ အပြောင်းအရွှေ့အတွက် အဓိကကျတဲ့ အဆင့်ကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒီနေ့မှာ ဘာစီလိုနာ၊အော်လ်မိုရဲ့အေးဂျင့်နဲ့ လိုက်ပ်ဇစ်အသင်းတို့အကြား အရေးပါတဲ့ အစည်းအဝေးပြုလုပ်ဖို့ စီစဉ်ထားတာပါ။

ဘာစီလိုနာအသင်းဟာ အော်လ်မိုအတွက် ယူရိုသန်း(၆၀)၊‌Add-ons တွေနဲ့ လိုက်ပ်ဇစ်အသင်းကို ကမ်းလှမ်းမှုပြုလုပ်ထားတာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ အရေးပါတဲ့ ‌အစည်းအဝေးမှာ အော်လ်မိုအတွက် လိုက်ပ်ဇစ်အသင်းလက်ခံနိုင်မယ့် ပိုကောင်းတဲ့ ကမ်းလှမ်းမှုပြုလုပ်ဖို့ပါ ပြင်ဆင်ထားတယ်လို့ ဖာဘရီဇီယိုရိုမန်နိုက ဖော်ပြထားတာဖြစ်ပါတယ်။

အသက်(၂၆)နှစ်အရွယ် အော်လ်မိုဟာ ဘာစီလိုနာအသင်းရဲ့လာမာစီယာအကယ်ဒမီထွက်ဖြစ်ပေယ့် အသင်းကြီးမှာ ပါဝင်ကစားခဲ့ရခြင်းမရှိဘဲ ဒိုင်နမိုဇာဂရက်နဲ့ လက်ရှိ လိုက်ပ်ဇစ်အသင်းမှာ ကစားနေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *