“သွားကျဲကို သတိထား” ဆိုပြီး သရဲကားထဲက ပြကွက်နဲ့ ဖူလ်ကုကို ကြေညာခဲ့တဲ့ ဝက်စ်ဟမ်းအသင်း

0

၀က်စ်ဟမ်းအသင်းဟာ ဂျာမန်လက်ရွေးစင်တိုက်စစ်မှူးဖူလ်ကုကို ဒေါ့မွန်အသင်းထံကနေ ပြောင်းရွှေ့ကြေးပေါင် (၂၃)သန်းနဲ့ (၄)နှစ်စာချုပ်ချုပ်ဆိုခေါ်ယူခဲ့ပြီးနောက် အသင်းရဲ့ဝက်ဘ်ဆိုက်နဲ့ ဆိုရှယ်မီဒီယာကနေ အပြောင်းအရွှေ့ကို ကြေညာခဲ့ပါတယ်။

ဝက်စ်ဟမ်းအသင်းရဲ့ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ X မှာ ကြေညာထားတဲ့ ဗီဒီယိုဖိုင်ကတော့ ထူးခြားနေလို့ ပရိသတ်တွေကြားထဲမှာ ပြောစရာဖြစ်နေပါတယ်။

(၅)စက္ကန့်သာကြာတဲ့ ဒီ ဗီဒီယိုဖိုင်ရဲ့အပေါ်မှာ ရေးထားတဲ့စာကိုက စတင်ပြီး စိတ်ဝင်စားစရာကောင်းနေပါတယ်။ ဝက်စ်ဟမ်းအသင်းက Mind the Lücke လို့ ရေးခဲ့တာပါ။

Lücke ဆိုတဲ့ ဂျာမန်စကားက “ဟနေသည်၊ ကျဲနေသည်”လို့ အဓိပ္ပာယ်ရပါတယ်။ ဖူလ်ကုကို Lücke လို့ နာမည်ပြောင်ပေးပြီး ခေါ်ဝေါ်ရတဲ့အကြောင်းရင်းကတော့ သူ့ရဲ့ရှေ့သွားတွေက မညီမညာဖြစ်ပြီး ကျဲနေတာကြောင့်ပါ။ ဒါကြောင့် ဂျာမန်လို Lücke ဆိုတာ ဖူလ်ကုကို နာမည်ပြောင် “သွားကျဲ”လို့ ခေါ်ဝေါ်တာပါ။

ဝက်စ်ဟမ်းအသင်းက Mind the Lücke လို့ ရေးခဲ့တာကြောင့် “သွားကျဲကို သတိထား”လို့ ရေးသလိုဖြစ်နေပါတယ်။ နောက်ပြီး(၅)စက္ကန့်သာ ကြာတဲ့ ဗီဒီယိုဖိုင်ကို လုပ်ထားတဲ့ ဒီဇိုင်းက သရဲကားတွေထဲကလို အပြင်အဆင်မျိုးလုပ်ထားတာကြောင့် ထူးခြားနေတာတော့ အမှန်ပါပဲ။

ဒါကြောင့် ဒီဗီဒီယိုဖိုင်အတိုလေးကို ပို့စ်တင်ထားတာ (၁၂)နာရီမပြည့်ခင်မှာပဲ ကြည့်ရှုသူ(၅)သိန်းကျော်အထိရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *