နည်းပြအာနီဆလော့ လက်ထက် ပထမဆုံးခေါ်ယူမှုအဖြစ် ဇူဘီမန်ဒီကို ခေါ်ယူနိုင်ဖို့ လီဗာပူးလ် ကြိုးပမ်း

0

လီဗာပူးလ်အသင်းဟာ နည်းပြသစ်အာနီဆလော့လက်ထက်မှာ ပထမဆုံးကစားသမားခေါ်ယူမှုအဖြစ် စပိန်ကွင်းလယ်လူ ဇူဘီမန်ဒီကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေပါတယ်။ လီဗာပူးလ်အသင်းရဲ့အ‌ဓိကပစ်မှတ်ဖြစ်တဲ့ ဇူဘီမန်ဒီဟာ မန်ယူနိုက်တက်နဲ့ အာဆင်နယ်အသင်းတို့ရဲ့ချိတ်ဆက်မှုတွေလည်း ခံခဲ့ရတဲ့သူပါ။

ပရီးမီးယားလိဂ်ရာသီသစ်စတင်ဖို့ နီးကပ်လာပြီဖြစ်တာကြောင့် လီဗာပူးလ်အသင်းဟာ ဇူဘီမန်ဒီကို ခေါ်ယူနိုင်ဖို့ အမြန်ဆုံးလှုပ်ရှားနေတာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းအနေနဲ့ ဇူဘီမန်ဒီကို ခေါ်ယူနိုင်ဖို့ဆိုရင် ဆိုစီဒက်အသင်းကို သူ့အတွက် သတ်မှတ်ထားတဲ့ စာချုပ်ဖျက်သိမ်းကြေး(Release Clause) အပြည့်အဝပေးချေဖို့ လိုအပ်တာပါ။

ဆိုစီဒက်အသင်းနဲ့ ဇူဘီမန်ဒီတို့ရဲ့စာချုပ်ထဲမှာ စာချုပ်ဖျက်သိမ်းကြေး(Release Clause)ပေါင်(၅၁.၇)သန်းပါဝင်နေတာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ဇူဘီမန်ဒီအတွက် ဆိုစီဒက်အသင်းနဲ့ ပြောင်းရွှေ့ကြေးဆွေးနွေးညှိနှိုင်းဖို့ရှိနေပြီး ဆွေးနွေးမှုအဆင်မပြေရင် စာချုပ်ဖျက်သိမ်းကြေးပေးပြီး ခေါ်ယူရမှာပါ။ လီဗာပူးလ်အသင်းဟာ ဇူဘီမန်ဒီရဲ့အပြောင်းအရွှေ့ဖြစ်နိုင်မယ်လို့ယုံကြည်မှုရှိနေတာဖြစ်ပါတယ်။

ဇူဘီမန်ဒီဟာ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ချန်ပီယံဆုရယူနိုင်ခဲ့တဲ့ စပိန်အသင်းမှာပါဝင်ခဲ့ပြီး အင်္ဂလန်အသင်းနဲ့ ဗိုလ်လုပွဲစဉ်ရဲ့ဒုတိယပိုင်းမှာ ဒဏ်ရာရရှိခဲ့တဲ့ ရိုဒရီရဲ့နေရာလူစားလဲဝင်ရောက်ကာ ခြေစွမ်းကောင်းပြသနိုင်ခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *