လက်ရှိမှာ ကစားသမား (၄၂) ယောက်အထိရှိနေတဲ့ ချယ်လ်ဆီးအသင်း ကစားသမားတစ်ဦး ထပ်မံစာချုပ်

0

ပရီးမီးယားလိဂ်ရဲ့ ဒီနွေရာသီ ပြောစရာအကြောင်းအရာတွေထဲမှာ တစ်ခုအဖြစ်ပါဝင်နေတာက ချယ်လ်ဆီးအသင်းရဲ့ကစားသမားအရေအတွက် ဖောင်းပွမှုပါပဲ။

ချယ်လ်ဆီးအသင်းမှာ လက်ရှိကစားသမားအင်အားက (၄၂)ဦးအထိရှိနေပြီး ပရီးမီးယားလိဂ်က ဘယ်ကလပ်အသင်းထက်မဆို များပြားနေတဲ့ အရေအတွက်ပါ။

ဒီလို ကစားသမားတွေ များပြားနေပေမယ့် ချယ်လ်ဆီးအသင်းရဲ့ဒီနွေရာသီ ကစားသမားသစ်ခေါ်ယူမှုက မပြီးသေးပါဘူး။

ချယ်လ်ဆီးအသင်းဟာ အာဂျင်တီးနားကလပ် ဘိုကာဂျူနီယာအသင်းက လူငယ်ကစားသမား အာရွန်အန်ဆယ်လ်မီနိုကို ထပ်မံခေါ်ယူလိုက်ကြောင်းသိရပါတယ်။

အသက်(၁၉)နှစ်အရွယ် အန်ဆယ်လ်မီနိုအတွက် ချယ်လ်ဆီးအသင်းအနေနဲ့ ပြောင်းရွှေ့ကြေးပေါင်(၁၅.၆)သန်းခန့်ကုန်ကျခဲ့ကြောင်းသိရပါတယ်။ ဒါပေမယ့် ဒီကစားသမားကိုတော့ ချယ်လ်ဆီးအသင်းက အသင်းကို ချက်ချင်းခေါ်ယူဦးမှာမဟုတ်ဘဲ ဘိုကာဂျူနီယာအသင်းကို တစ်ရာသီအငှားပြန်ချထားမှာဖြစ်ကြောင်း သိရပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဒီနွေရာသီမှာ ကစားသမားခေါ်ယူမှု(၈)ဦးအထိရှိလာပြီး ပြောင်းရွှေ့ကြေးသုံးစွဲမှုစုစုပေါင်း(၁၁၀.၆)သန်းအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းပိုင်ရှင်သစ်တွေဖြစ်တဲ့ တော့ဒ်ဘိုလေးနဲ့ အပေါင်းပါတွေဟာ အသင်းမှာ ဆယ်ကျော်သက်(အသက် ၂၀ နှစ်အောက်)ကစားသမားတွေကို အများအပြားခေါ်ယူရင်းနှီးမြှုပ်နှံနေပြီး အသင်းပိုင်ရှင်သစ်တွေလက်ထက်မှာ (အန်ဆယ်လ်မီနိုရဲ့ကြေးအပါအဝင်)ဆယ်ကျော်သက်ကစားသမားတွေအတွက် သုံးစွဲမှုစုစုပေါင်းက ပေါင်(၃၁၉.၁)သန်းအထိရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *