၁၁.၈.၂၀၂၄ ရဲ့သတင်းအတိုအထွာများ စုစည်းမှု

0

■ မန်ယူနိုက်တက်အသင်းဟာ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ကို စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီမှုရရှိခဲ့တယ်လို့ အပြောင်းအရွှေ့ကျွမ်းကျင်သူ ဖာဘရီဇီယိုရိုမန်နိုက ဖော်ပြထားပါတယ်။ မန်ယူနိုက်တက်အသင်းဟာ ဘရူနိုဖာနန်ဒက်စ်ကို ၂၀၂၇ ဇွန်အထိစာချုပ်ချုပ်ဆိုမှာဖြစ်ပြီး နောက်ထပ်(၁)နှစ်သက်တမ်းတိုးခွင့်ပါဝင်တယ်လို့ သိရပါတယ်။

Manchester United’s Bruno Fernandes celebrates after winning the Emirates FA Cup final at Wembley Stadium, London. Picture date: Saturday May 25, 2024. PA Photo. See PA story SOCCER FA Cup. Photo credit should read: John Walton/PA Wire. RESTRICTIONS: Use subject to restrictions. Editorial use only, no commercial use without prior consent from rights holder.

■ အင်တာမီလန်အသင်းနဲ့ စာချုပ်ကုန်ဆုံးပြီးနောက် အသင်းလက်မဲ့ဖြစ်နေခဲ့တဲ့ တိုက်စစ်မှူးဆန်းချက်ဇ်ဟာ လွန်ခဲ့တဲ့ (၁၈)နှစ်က ကစားခဲ့တဲ့ အူဒီးနီးစ်အသင်းထံ ပြန်လည်ပြောင်းရွှေ့ခဲ့ပါတယ်။ အသက်(၃၅)နှစ်အရွယ်ရှိ ဆန်းချက်ဇ်ဟာ အူဒီးနီးစ်အသင်းနဲ့ (၂)နှစ်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

■ ဘင်ဖီကာနဲ့ ဘာစီလိုနာအသင်းတို့ဟာ အက်သလက်တီကိုအသင်းတိုက်စစ်မှူး ဂျော်အိုဖီးလစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် အငှားနဲ့သာ ခေါ်ယူချင်နေပါတယ်။ အက်သလက်တီကိုအသင်းကတော့ ဂျော်အိုဖီးလစ်ကို ဒီနွေရာသီအပြောင်းအရွှေ့မှာ အပြီးသတ်ရောင်းချချင်နေတာဖြစ်ပါတယ်။

■ လီဗာပူးလ်ကွင်းလယ်လူဟောင်း ချိန်ဘာလိန်ကို ခေါ်ယူဖို့ ချန်ပီယံရှစ်ကလပ် ရှက်ဖီးယူနိုက်တက်အသင်းနဲ့ ပရီးမီးယားလိဂ်ကလပ် အစ်ဝစ်ချ်အသင်းတို့က စိတ်ဝင်စားနေပါတယ်။ ချိန်ဘာလိန်ဟာ ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ ဘက်ဆစ်တပ်အသင်းကနေ ထွက်ခွာဖွယ်ရှိနေတာဖြစ်ပါတယ်။

■ ဘရာဇီးလ်ကွင်းလယ်လူ ကတ်စမဲရိုးဟာ ဒီနွေရာသီ မန်ယူနိုက်တက်အသင်းမှာ ဆက်ရှိနိုင်တယ်လို့ နည်းပြ အဲရစ်တန်ဟတ်က အရိပ်အမြွက်ပြောခဲ့ပါတယ်။ ကတ်စမဲရိုးဟာ ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ ဆော်ဒီပရိုလိဂ်ကလပ်အသင်းတွေရဲ့ချိတ်ဆက်မှုကို ခံနေရတာဖြစ်ပါတယ်။

■ အက်စတွန်ဗီလာနဲ့ ဘက်တစ်အသင်းတို့ဟာ အာဂျင်တီးနားကွင်းလယ်လူ လိုဆယ်ဆိုကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေပါတယ်။ လိုဆယ်ဆိုဟာ ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ စပါးအသင်းကနေ ထွက်ခွာခွင့်ရရှိထားတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *